ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း စာသင်ကျောင်းဆောင်လုပ်ငန်း ကွင်းဆင်းကြည့်ရှု့

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ရန်ပုံငွေ နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ကျောင်းကုန်း အုပ်စု ရေနီကျေးရွာမှာ စာသင်ကျောင်းဆောင် ဆောက်လုပ်နေမှု ရှင်းလင်းရေးကို မေလ ၁၄ ရက်နေ့က ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာမှူး ဒေါ်နန်းသူဇာအောင်၊ လူထု စည်းရုံးရေးမှူး ဒေါ်ချိုချိုမြင့်တို့က လုပ်ငန်း ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ ကွင်းဆင်း ကြည့်ရှု့ရာမှာ လိုအပ်တဲ့ နည်းပညာ တွေကို လုပ်ဆောင်နိုင်ဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။

အဲဒီ ကျေးရွာ စာသင်ကျောင်းဆောင်ကို လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ထောက်ပံ့ရန်ပုံငွေ သိန်းတစ်ရာ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှုနဲ့ အနီးကပ် ကြီးကြပ်မှုတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ မြို့နယ်အတွင်းမှာ ရှိတဲ့ကျေးရွာပေါင်း ၂၅၂ ရွာမှာ ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းခွဲ စုစုပေါင်း ၂၇၃ ခုကို စီမံကိန်း ထောက်ပံ့ငွေ နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,