ငဖဲ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ အဆင့် စီမံကိန်း မိတ်ဆက်ပွဲ ငဖဲမြို့နယ် တွင် ကျင်းပ

NCDDP’s Village Level Socialization Meeting Organized in Ngape

Magway, 19 December 2020, SkyNet Media Coverage

 

မကွေးတိုင်း ဒေသကြီး မင်းဘူး ခရိုင် ငဖဲ မြို့နယ်မှာ အကောင်အထည်ဖော်မယ့် လူထု ဗဟိုပြု စီမံကိန်း (CDD) ကျေးရွာ အုပ်စု ကျေးရွာ အဆင့် စီမံကိန်း မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ချောင်းမြို့ ကျေးရွာ ရွာလယ် ဓမ္မာရုံမှာ ကိုဗစ်-၁၉ ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့ အညီ ကျင်းပတယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်နဲ့ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လွင်တို့က အသီးသီး အမှာစကားတွေ ပြောကြားပြီး၊ တိုင်းဒေသကြီး စီမံကိန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်က စီမံကိန်း မိတ်ဆက် စကား ပြောကြားပါတယ်။

ဆက်လက်ပြီးတော့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ဆွေးနွေး စကား ပြောကြားကာ တိုင်းဒေသကြီး စီမံကိန်း အကြံပေး ဦးမောင်ပိုက စီမံကိန်း အကြောင်း ရှင်းလင်း ပြောကြားပြီးတော့ တက်ရောက်လာကြသူတွေကို သိရှိလိုတာတွေကို မေးမြန်း ဆွေးနွေးကြပြီး၊ မြို့နယ် ဦးစီးမှူး ဦးဝေလင်းမောင်က နိဂုံးချုပ် အမှာ စကား ပြောကြားခဲ့ပါတယ်။

အခမ်းအနားကို တိုင်းဒေသကြီး ဒုစီမံကိန်း တာဝန်ခံ ဦးစိုးလင်းထွဋ် ဦးစီးအရာရှိ (နည်းပညာ)၊ တိုင်းဒေသကြီး တည်ဆောက်‌ရေး အကြံပေး ဦးကျော်သာဖြူ၊ ဝန်ထမ်တွေ၊ ကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၀ ဦးတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

သတင်း - သူရိန် (မင်းဘူး)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage