ထီးလင်း မြို့နယ်၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား

စီမံကိန်း ဒုတိယနှစ် စက်ဝန်း အတွင်း ကျေးရွာ အုပ်စု (၇၁)အုပ်စု ကျေရွာပေါင်း (၉၃) ရွာ တွင် လုပ်ငန်းခွဲပေါင်း (၁၀၄) တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိ သည့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ စီမံကိန်း မြို့နယ် တစ်ခုဖြစ်သော ထီးလင်း မြို့နယ်၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ၂၄.၆.၂၀၁၈ ခုနှစ်တွင် ထီးလင်း မြို့နယ် အထကကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်/မွေး/ဆည် ဝန်ကြီး ဦးဝင်းမော်ဌေး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်မှ တက်ရောက်လာသော ဌာန ဆိုင်ရာများ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဒေသဆိုင်ရာ အဖွဲ့များနှင့် ကော်မတီဝင်များအား စီမံကိန်း လုပ်ငန်းစဉ်နှင့် ဦးစီးဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း မှာကြား ပြောကြား ခဲ့ပါသည်။

၄င်းအပြင် ထီးလင်း မြို့နယ် ကျေးလက်ဦးစီးဌာန ဦးစီးမှူး ဦးအေးမင်းထွန်း မှ စီမံကိန်း လုပ်ငန်းခွဲများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူ ကျေးရွာလူထု အား အုပ်စု ရ ဖွဲ့ ခွဲ၍ ခေါင်းစဉ် ရ ခုအား ဆွေးနွေးစေခဲ့ပါသည်။

အုပ်စုဖွဲ့ဆွေးနွေးနေစဉ် အတွင်း ကျေးရွာ/ ကျေးရွာ အုပ်စုများမှ တနှစ်တာအတွက် စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော် ဆောက်ရွက်မှု အကောင်းဆုံး (ပ ဒု တ) ဆု ချီးမြှင့် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် ဂျူရီအဖွဲ့မှ အမှတ်ပေး ရွေးချယ် ဆုံးဖြတ်ပေး ခဲ့ပါသည်။