မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက် မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ချောင်းနားရွာမ အုပ်စု၊ ချောင်းနားရွာမ ကျေးရွာ စာသင်ကျောင်းဆောင် ဆောက်လုပ်နေမူ့၊ အင်ဂျင်မီးလင်းရေးလုပ်ငန်း၊ ရွာတွင်း မြေနီခင်းခြင်း လုပ်ငန်း အခြေအနေတွေကို တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပါတယ်။
အဲလို ကွင်းဆင်း စစ်ဆေးရာမှာ မကွေးတိုင်းဒေသကြီး၊ လူထုဗဟိုပြုစီမံကိန်း တိုင်းအကြံပေး ဦးမောင်ပို၊ နည်ပညာအကြံပေး ကျားမ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း၊ လက်ထောက်နည်းပညာမူး ဒေါ်ခိုင်သီတာဆွေ၊ လူထုစည်းရုံးရေးမူး ဦးကျော်စွာဝင်း တို့က လုပ်ငန်းကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီးတော့ လုပ်ငန်းဆောင်ရွက် မှု အခြေအနေတွေကို ကွင်းဆင်းကြည့်ရူ့ရာမှာ လိုအပ်သည့်နည်းပညာတွေကို လုပ်ဆောင်နိုင်ဖို့ လမ်းညွှန်ခဲ့ပါတယ်။
ဆက်လက်ပြီးတော့ တာဝန်ရှိသူတွေက ကင်းဆုပ် ကျေးရွာရှိ ရွာတွင်းလမ်းဆောင်ရွက်နေမှုနဲ့ စာသင် ကျောင်းဆောင် ဆောင်ရွက်ပြီးစီးမှူ အခြေအနေတွေကို လှည်လည် ကြည့်ရှု့ စစ်ဆေးရာ လိုအပ်တာတွေကို ဆွေးနွေးခဲ့ပါတယ်။
အဲဒီ လုပ်ငန်းတွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်ပညာပံ့ပိုးမူ့ အနီးကပ်ကြီးကြပ်မူနဲ့ အကောင်အထည်ဖော်နေတာလို့ သိရပါတယ်။
သတင်း - ဉာဏ်တိုး (ပေါက်)၊ မျိုးဝင်းထွန်း (CSAGS)
Credit – SkyNet Media Coverage
#NCDDP, #DRD, #MOALI, #WorldBank