![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/village_street_in_mogaung.png?itok=t6s_jXG8)
မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ လွယ်လီယံကျေးရွာအုပ်စု နောင်းပုံကျေးရွာ
ရွာတွင်း သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ငွေကျပ် ၇၀ ကျော်နဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ လုပ်ငန်းတာဝန်စတင်ခဲ့ရာမှာ
ဖေဖေါ်ဝါရီ ၃ ရက်နေ့မှာ လုပ်ငန်းပြီးစီးပြီး၊ ဖေဖေါ်ဝါရီ ၅ ရက် မနက် ၉ နာရီမှာ လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပရာမှာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
ဒေါ်မြသွေးစံနဲ့ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွင့် အမှာစကား ပြောကြားကာ လူထု စစ်ဆေးပွဲ အခမ်းအနားကို
ဆက်လက်ကျင်းပပါတယ်။
မိုးကောင်းမြို့နယ်မှာ ကျေးရွာ ၇၉ ရွာရှိပြီး၊ စတုတ္ထနှစ် စက်ဝန်းမှာ Township Project Implementation Committee (TPIC) ခွင့်ပြုပြီး၊ လုပ်ငန်း ၉၉ ခုရှိရာမှာ
နှောင်းပုံကျေးရွာနဲ့ လွယ်လီယံရွာဟောင်းကျေးရွာတို့ဟာ လုပ်ငန်း ပထမဆုံး ပြီးစီးတဲ့ ကျေးရွာဖြစ်တဲ့အတွက် ဒီကနေ့မှာတော့ လူထု စစ်ဆေးပွဲ အခမ်းအနားကို
တစ်ပြိုက်နက် ကျင်းပတာ ဖြစ်ကြောင်း လူထုစည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြင့်တင်ရေး မွမ်းမံသင်တန်း အပိုင်း ၃ ရဲ့ Pilot ကွင်းဆင်းတဲ့ ကျေးရွာတွေ
ဖြစ်ကြောင်း၊ လူထု စစ်ဆေးပွဲ အခမ်းအနားကိုတော့ Union Training Team မှ ဆရာမ ဒေါ်မော်သီနဲ့ အဖွဲ့ကလည်း ကြီးကြပ်ဆောင်ရွက်ပါကြောင်း၊
Team Leader ဒေါ်အေးအေးလင်းမှ ရှင်းလင်းပြောကြားပါတယ်။
သတင်း - ဧဧလေး
Credit – SkyNet Media Coverage
#DRD #NCDDP #MOALI #WorldBank