လှိုင်းဘွဲမြို့နယ် သမိုကျေးရွာ အုပ်စု စူးထ ကျေးရွာတွင် ကြိုးတံတား တည်ဆောက်မည့် လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

Ground Survey Conducted for NCDDP’s Suspension Bridge Construction in Su Hta Village

Hlaingbwe, 26 November 2020, Ministry of Information

လှိုင်းဘွဲ နိုဝင်ဘာ ၂၆

 

စိုက်ပျိုး​ရေး၊​ ​မွေးမြူ​ရေးနှင့် ဆည်​​မြောင်း ဝန်ကြီးဌာန ကျေးလက် ​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့်​ ဆောင်ရွက်​နေ​သော လှိုင်းဘွဲမြို့နယ် လူထ ုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အ​​ကောင်အထည်​ဖော်​ ဆောင်ရွက်​မည့် လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် ​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန စီမံကိန်း တာဝန်ခံ ဒုတိယ ညွန်ကြား​ရေးမှူး ဦးစတင့်​ဝေနှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်​ဆေးကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်း ကြည့်ရှုခြင်း ကို ကရင်ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန စီမံကိန်း တာဝန်ခံ ဒုတိယ ညွန်ကြား​ရေးမှူး ဦးစတင့်ဝေ၊ ဘားအံမြို့ မြို့နယ် ဦးစီးမှူး ဦးစောအောင်မျိုးမြင့်၊ လှိုင်းဘွဲ့ မြို့နယ် ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်း၊ စီမံကိန်း တာဝန်ခံနှင့် ဝန်ထမ်းများက စီမံကိန်း​ ထောက်ပံ့​ငွေ ၅၀,၀၀၀,၀၀၀ ကျပ်ဖြင့် အ​ကောင်အထည်​ ဖော်​ဆောင်မည့် သမိုကျေးရွာ အုပ်စု စူးထကျေးရွာ ကြိုးတံတားတည်​ဆောက်ခြင်း (အလျှား ၂၀၀ပေ x အကျယ် ၆ပေ) လုပ်ငန်းအား ဆောင်ရွက်မည့် ဒီဇိုင်းနှင့် မြေပြင် အ​ခြေအ​နေများအား အ​သေးစိတ် ကွင်းဆင်း စစ်​ဆေးပြီး အ​ကောင်အထည်​ ဖော်ရာတွင် ဒီဇိုင်းနှင့် အမှန်တစ်ကယ် တည်​ဆောက်မှုတို့ အံဝင်ခွင်ကျ​မှုစေရန် လိုအပ်သည့် အကြံဉာဏ်များ​​ ပေါင်းစပ်ညှိနှိုင်း​ ပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

ကရင်ပြည်နယ်

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/22554