ပျော်ဘွယ်မြို့နယ်မှာ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်း လုပ်ငန်းခွဲ ၃၆၁ ခုကို ဆောင်ရွက်ခဲ့

NCDDP’s 361 Sub-project Activities Implemented in Pyawbwe

Mandalay, 14 October 2020, SkyNet Media Coverage

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ စီမံကိန်း လုပ်ငန်းတွေ အားလုံး ၉၈ ရာနိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ပါတယ်။

စီမံကိန်း လုပ်ငန်းခွဲတွေမှာ လမ်းတံတား ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦးနဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမနဲ့ တစ်ခြားလုပ်ငန်း စုစုပေါင်း လုပ်ငန်းခွဲ ၃၆၁ ခုကို ကျေးရွာ အုပ်စု ၇၅ အုပ်စုမှာ စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၃၇၇၁ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ မြို့နယ် ဦးစီးမှူး ဒေါ်သီတာဝင်းစံ ဆီကနေ သိရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်တဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း ၊ စီမံကိန်း လုပ်ငန်းတွေ အားလုံး သတ်မှတ်ချိန် ကာလ အတွင်းမှာ ရာနှုန်းပြည့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Cash for Work စီမံကိန်း ကျေးရွာ ၁၀ ရွာနဲ့ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) စီမံကိန်း ကျေးရွာ ၆ ရွာတို့ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ မြို့နယ် ဦးစီးမှူး၊ ဦးတင်စိုးထံကနေ သိရပါတယ်။

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)၊ ဇော်မင်းဌေး

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank