မိုးကောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း ပညာရေးဆိုင်ရာအခြေခံ အဆောက်အအုံများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်

NCDDP’s Completed Buildings for Education Handed Over to Respective Departments

Kachin, 21 October 2020, Development News TV

ကချင် ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် အောက်တိုဘာလ ၁၉ ရက် မွန်းလွဲ (၂) နာရီ အချိန်က လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများ ပြီးစီး၍ စီမံကိန်းနှစ် အလိုက် ဆောင်ရွက်ထားရှိမှုအား TPIC သိူ့ ချပြရှင်းလင်းခြင်းနှင့် စတုတ္ထနှစ်စက်ဝန်းမှ ဆောင်ရွက်ခဲ့သည့် ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံ များအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ မြို့နယ်TPIC ဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းမှ စီမံကိန်းနှစ် အလိုက်ဆောက်ရွက် ပြီးစီးမှု နှင့် စတုတ္ထနှစ် စက်ဝန်းတွင် ဆောင်ရွက်ခဲ့သည့် ပညာရေးဆိုင်ရာ အခြေခံ အဆောက် အအုံများအား ပညာရေး ဌာနသို့ လွှဲပြောင်းပေးပြီး၊ ကျေးရွာ (၁၉) ရွာမှ လုပ်ငန်းခွဲ ပေါင်း (၂၃)ခု ၏ မှတ်တမ်းများအား Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဆက်လက်၍ မြို့နယ် TPIC ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှ ကျေးရွာ (၁၉) ရွာမှ လုပ်ငန်းခွဲ ပေါင်း (၂၃) ခု ၏ ပညာရေးနှင့် သက်ဆိုင်သော အခြေခံ အဆောက်အဦ မှတ်တမ်းများအား လွှဲပြောင်းပေးအပ်ရာ မြို့နယ် ပညာရေးမှူး ဦးကျော်ကျော်မင်းမှ လက်ခံရယူပြီး ကျေးဇူး တင်စကား ပြောကြားခဲ့ပြီးနောက်

မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းမှ TPICဥက္ကဌနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက် ဆောင်များ ပေးအပ်ခဲ့ပြီး၊ လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့Team Leader ဦးမြတ်သူမှ TPICအဖွဲ့အား ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အစည်းအဝေးကို ညနေ (၃) နာရီတွင် ရုတ်သိမ်းလိုက်ပါတယ်။

မိုးကောင်းမြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်း လေးနှစ်စက်ဝန်းတွင် ကျေးရွာ ၇၉ ရွာမှ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၄၄၂ ခုကို ဆောင်ရွက် နိုင်ခဲ့ပါကြောင်း ကျေးရွာများတွင် စီမံကိန်း လုပ်ငန်းများ ပြီးစီးပါက လူထု စစ်ဆေးပွဲ ဆောင်ရွက်ရသကဲ့သို့ မြို့နယ်တွင်လည်း မြို့နယ် အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ် ဆွေးနွေးပွဲ (TMSR) ဆောင်ရွက် ရပါကြောင်း၊ ယခု နှစ်မှာတော့ ကိုဗစ်ကာလ ဖြစ်သဖြင့် လူစု လူဝေးဖြင့် TMSR ဆောင်ရွက်ရန် မဖြစ်နိုင်ပါသောကြောင့် လုပ်ငန်းခွဲများ အားလုံး ပြီးစီး၍ စီမံကိန်း ပိတ်သိမ်းခြင်းကို အောက်တိုဘာလကုန်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း TPIC အဖွဲ့အား အသိပေး ချပြလို၍ ယခုကဲ့သို့ အခမ်းအနား ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ စတုတ္ထနှစ် စက်ဝန်းမှာ ပညာရေးကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံ အဆောက်အအုံ လုပ်ငန်းခွဲ ၂၃ ခုအား သက်ဆိုင်ရာ ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ်နိုင်ရန် အတွက်ပါ ထည့် သွင်း စီစဉ်ခြင်း ဖြစ်ပါကြောင်း နှင့် အခမ်းအနားကို မြို့နယ် TPIC ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် TPIC အဖွဲ့ဝင်များ၊ CDD ဝန်ထမ်းများ တက်ရောက်ခဲ့ပါကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းမှ ပြောကြားခဲ့ပါတယ်။

သတင်း - ဧဧလေး

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/996315180847154