လှိုင်းဘွဲ၊ ကရင်ပြည်နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ဝါးကုတ္တောကျေးရွာ စည်းလုံးညီညွတ်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို
ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈:၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဝါးကုတ္တောဆရာတော်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဦးရွှေဘော်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးတင်နှင့်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝယ်ယူရေးအရာရှိ ဦးဇင်မင်းအောင်တို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားကာ
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါကွန်ကရစ်လမ်းသည် အရှည် ၁၇၇၁' x အကျယ် ၁၄' x အမြင့်၆" ဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေ ကျပ် သိန်း ၂၁၀ (၂၁,၀၀၀,၀၀၀ကျပ်)
နှင့် ပြည်သူလူထုထည့်ဝင်ငွေ ၃,၅၃၈,၄၀၀ ကျပ်ခန့်ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် စတင်ကာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင်
ပြီးစီးခဲ့ပြီး၊ အဆိုပါ ကွန်ကရစ်လမ်း ပြီးစီးသွားခြင်းကြောင့် ဝါးဂုတ္တောကျေးရွာ၊ နော်ကောကျေးရွာ၊ သာယာကုန်းကျေးရွာများမှ အိမ်ထောင်စု
ပေါင်း ၁၀၄၅ စု၊ လူဦးရေ (၆၄၀၇ ) ဦးအတွက် အကျိုးရှိစေမည်ဖြစ်သည်။