နေပြည်တော်ရုံးချုပ် ကျား/မရေးရာ ကွင်းဆင်းဆောင်ရွက်ခြင်း

၅ ဇွန်လိုင်လ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် နေပြည်တော်ရုံးချုပ်မှ ဦးစီးအရာရှိ Dr.ညွှန်းသွက်သွက်နိုင်၊ ဒုတိယဦးစီးမှူး ဒေါ်ဧပရယ်ကျော်ကျော်၊ ကျား/မရေးရာတာဝန်ခံ ဦးသိန်းစိုး၊ ပြည်နယ်ကျား/မရေးရာ တာဝန်ခံ ဦးစည်သူကျော်တို့မှ (၄.၇.၂၀၁၉)ရက်နေ့တွင် ခနိမ်ဖော်အုပ်စု ကော့ကျိုက်ကျေးရွာနှင့် နဘူးနှစ်ခြားအုပ်စု မွန်စုကျေးရွာ၊ (၅.၇.၂၀၁၉)ရက်နေ့တွင် ကျုံဒိုးချောင်းဖျားအုပ်စု အုန်းတပင်ကျေးရွာ အစရှိသော ကျေးရွာများရှိ ကျေးရွာစီ/ထောက်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျား/မရေးရာအခန်းကဏ္ဏနှင့်ဆိုင်သော တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။

            ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော ကျေးရွာကော်မတီဝင်များ၏ လက်ရှိတာဝန်ယူလျက်ရှိသော လုပ်ငန်းဆောင်ရွက်မှူများတွင် ရရှိသော အတွေ့အကြုံများ၊ ရင်ဆိုင်ကြုံတွေ့ခဲ့သော အခက်အခဲနှင့် သင်ခန်းစာများ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများတွင် ကျား/မရေးရာ အခန်းကဏ္ဏများ ထည့်သွင်းဆောင်ရွက်မှုရှိ/မရှိ၊ ကျေးရွာများတွင် နေထိုင်ကြသော အမျိုးသမီးများအခြေအနေနှင့် ပူးပေါင်းပါဝင်မှု စသော မေးခွန်းများမေးမြန်း၍ အစည်းအဝေးပြုလုပ်ခဲ့ပြီး စီမံကိန်းဒုတိယနှစ်တွင် အကောင်အထည်ဖော်ဖွဲ့စည်းမည့် အမျိုးသမီများဆိုင်ရာကွန်ယက် အဖွဲ့၏ အရေးပါပုံနှင့် ရည်ရွယ်ချက်အား ရှင်းပြ၍ ကျေးရွာအုပ်စု တစ်စုလျှင် အမျိုးသမီးကိုယ်စာလှယ် တစ်ဦးနှုန်းဖြင့် ဖွဲ့စည်းလျက် ကျေးရွာများရှိ အမျိုးသမီး အခန်းကဏ္ဏကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးအကြံပြုခဲ့ပါသည်။

            ဆက်လက်၍ စီမံကိန်းလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းဝန်ထမ်းများနှင့် တွေ့ဆုံ၍ လက်ရှိကျား/မရေးရာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အားနည်းချက်၊ အားသာချက်များ ဆွေးနွေးခြင်း၊ ကြုံတွေ့လာခဲ့သော အခက်အခဲများအား အကြံပြုချက်များ ပေး၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။