သာယာကုန်း ကျေးရွာအုပ်စု ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

လှိုင်းဘွဲ၊ ကရင်ပြည်နယ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ဝါးကု​တ္တောကျေးရွာ စည်းလုံးညီညွတ်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို

ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈:၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဝါးကု​တ္တောဆရာ​တော်၊ ​ကျေးရွာအုပ်စုအုပ်ချုပ်​ရေး ဦး​ရွှေ​ဘော်၊ ​ကျေးရွာအုပ်ချုပ်​ရေးမှူး ဦးကျော်​အေးတင်နှင့် ​

ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ ဝယ်ယူ​ရေးအရာရှိ ဦးဇင်မင်း​အောင်တို့မှ အဖွင့်အမှာစကား​အသီးသီး​ပြောကြားကာ

ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါကွန်ကရစ်လမ်းသည် အရှည် ၁၇၇၁' x အကျယ် ၁၄' x အမြင့်၆" ဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေ ကျပ် သိန်း ၂၁၀ (၂၁,၀၀၀,၀၀၀ကျပ်)

နှင့် ပြည်သူလူထုထည့်ဝင်ငွေ ၃,၅၃၈,၄၀၀ ကျပ်ခန့်ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် စတင်ကာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင်

ပြီးစီးခဲ့ပြီး၊ အဆိုပါ ကွန်ကရစ်လမ်း ပြီးစီးသွားခြင်းကြောင့် ဝါးဂု​တ္တောကျေးရွာ၊ ​နော်​ကောကျေးရွာ၊ သာယာကုန်းကျေးရွာများမှ အိမ်​ထောင်စု

ပေါင်း ၁၀၄၅ စု၊ လူဦးရေ (၆၄၀၇ ) ဦးအတွက် အကျိုးရှိစေမည်ဖြစ်​သည်။