ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကြည်စောမှ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကြည်စောသည် ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးဆွေးအုပ်နှင့် တွန်းဇံမြို့နယ်မှတာဝန်ရှိသူများ လိုက်ပါလျက် (၂၈..၂၀၁၉) ရက်နေ့၊ နံနက်ပိုင်း (၁၀:၀၀)နာရီအချိန်တွင် တွန်းဇံမြို့နယ်၊ ဟားခါးလေးကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနားတက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာအတွင်း ရေဖြန့်ဝေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဆဲဘောက်ကျေးရွာအုပ်စု၊ တွီးခိန်ဇန်​(အပေါ်)ကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်သော စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရာက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာလူထုနှင့်တွေ့ဆုံရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများ၊ သိရှိလိုသည်များကို မေးမြန်းဖြေကြားခဲ့ပါသည်။

ထို့နောက် ညနေပိုင်း (၂:၁၅)နာရီအချိန်တွင် တွန်းဇံမြို့နယ်၊ ရှာလ်ထောဇန်ကျေးရွာတွင် လည်းကောင်း၊ (၄:၃၀)အချိန်တွင် ခွမ်နွဲ့ကျေးရွာတွင်လည်းကောင်း ကျေးရွာလူထု၊ စီမံကိန်း ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများအား မေးမြန်းဆွေးနွေးကာ စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။