စမ်းရေခုံကျေးရွာ မြေနီကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတွေကို ကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်၀န်း

ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ထန်းတစ်ပင် ကျေးရွာအုပ်စု စမ်းရေခုံကျေးရွာမှာ ကျေးရွာတွင်း မြေနီ ကျောက်ချောလမ်း

ဆောင်ရွက်နေမှုကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ

မကွေးတိုင်း ဒေသကြီး လူထုဗဟိုပြု စီမံကိန်း အခြေခံအဆောက်အဦး တာဝန်ခံ ဦးကျော်သာဖြိုး၊ ပေါက်မြို့နယ် လူထု ဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး

ကျားမ ရေးရာ တာဝန်ခံ ဦးမျိုးမင်းထွန်းနဲ့ ဝန်ထမ်းများ၊ ကျေးရွာ လူထုဗဟိုပြု စီမံကိ်နး ကော်မတီဝင်များက စမ်းရေခုံကျေးရွာမှာ ကျေးရွာတွင်း မြေနီ

ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတွေကို ကြည့်ရှု စစ်ဆေးကာ သတ်မှတ် အတိုင်းအတာ စံချိန်စံညွှန်း ပြည့်မှီစွာနဲ့

အချိန်မီ ပြီးစီးရေး ဆွေးနွေးမှာကြားခဲ့ပါတယ်။ စမ်းရေခုံကျေးရွာက ယခင်က မိုးရာသီမှာ ကျေးရွာသူ ကျေးရွာသားများ သွားလာရန် အလွန်ပင် ခက်ခဲခဲ့ကြောင်း၊

ကျေးရွာထဲလမ်းက ကျေးရွာ အတွက် အဓိက လိုအပ်ချက်ဖြစ်ကြောင်း၊ အကောင်အထည် ဖော်ဆောင်ရွက်ပေးတဲ့ လူထု ဗဟိုပြုစီမံကိန်းကို ကျေးဇူးတင်ရှိပါကြောင်း

ကျေးရွာလူထု လူထုဗဟိုပြု စီမံကိန်း စီ/ထောက် ကော်မတီ ဥက္ကဌ ဦးခင်မောင်စိုးက ပြောပါတယ်။ အဆိုပါ ကျေးရွာ မြေနီ ကျောက်ချောလမ်း အလျား ၄၁၀ ပေ၊

အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ ထု ခင်းခြင်း လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်၀န်း ထောက်ပံ့ ရန်ပုံငွေကျပ် ၇၅ သိန်းနဲ့ အကောင်အထည်ဖော်

ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

သတင်း - စိုးမိုးကျော်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank