လူထု ဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲ့မြို့နယ် ပတ်ကျောရွာလေး ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း ဆောင်ရွက်

NCDDP’s Village Concrete Street Construction Kicked Off in Pat Kyaw Ywar Lay Village of Hlaingbwe

Kayin, 16 December 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပတ်ကျော ကျေးရွာ အုပ်စု ပတ်ကျော ရွာလေး ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း အရှည် ပေ ၈၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မ လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၁၃၃ သိန်း ကျပ်နဲ့

လူထု ဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး နန်းဆုလဲ့ဖြူ၊ လူထု စည်းရုံးရေးမှူး နန်းသန်းသန်းတို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာအကြံပေးအဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူ လူထုတို့ရဲ့ ပူးပေါင်း ပါဝင်မှုများနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပါက ပတ်ကျောရွာလေး ကျေးရွာမှ အိမ်ထောင်စု (၁၇၂) စု၊ လူဦးရေ (၁၃၂၆) ဦး တို့ သွားလာရေး လွယ်ကူ အဆင်ပြေလာမှာ ဖြစ်ကြောင်း သိရပါတယ်။

 

ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage