ပထမအကြိမ်ကျေးရွာအုပ်စုအစည်းအဝေးကျင်းပ

လှိုင်းဘွဲ၊ဇွန်လ(၁၁)ရက်

          ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)အတွက် မြိင်ကြီးငူအထူးဒေသ(၁) အုပ်စုအစည်းအဝေးကို ၂၀၁၉ ဇွန်လ ၁၁ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အစည်းအဝေးကို ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၏ဖွံ့ဖြိုးရေးဦးစားပေးအစီအစဉ်များ

လိုအပ်ချက်များ၊ မျှော်မှန်းချက်များဖော်ထုတ်ပေးထားသော ကျေးရွာအုပ်စုဖွံ့ဖြိုးရေးအစီအစဉ်

ပေါ်ထွက်လာရန်ဖြစ်ပြီး ဦးစားပေးစီမံကိန်းလုပ်ငန်းခွဲများရွေးချယ်ရန်ကျင်းပကြောင်းသိရသည်။

          ထိုအစည်းအဝေးများကို ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်ကွက်အစုမှူးများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တက်ရောက်ခဲ့ကြပြီး လူထုဗဟိုပြုစီမံကိန်း စည်းရုံးရေးမှူးများမှ အစည်းအဝေးများကို ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရပါသည်။