ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သံပုရာကွင်းကျေးရွာ၏ ကွန်ကရစ်ဘောင်စီမြေရော ကျောက်စရစ်လမ်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်း

  ဧပြီလ (၁၀) ရက် ၂၀၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ၊ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) ဘုရားငုတ္တိုကျေးရွာအုပ်စု၊သံပုရာကွင်းကျေးရွာ၏ ကွန်ကရစ်ဘောင်စီမြေရော ကျောက်စရစ် လမ်း အတိုင်းအတာ (၁၁၃၅' x ၁၂' x ၆") ဖွင့်ပွဲအခမ်းအနားကို  (၁၀.၄.၂၀၁၉) ရက်နေ့ နံနက် (၁၀:၃၀)ချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ကျင်းပပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအေးဝင်း မှအဖွင့်အမှာစကားပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဦးသန့်ဇော်လွင် (ဒုတိယညွှန်ကြားရေးမှူး) မှမိတ်ဆက်စကား ပြောကြားခြင်း နှင့် သံပုရာကွင်းကြီးကျေးရွာစီထောက်ဥက္ကဌ ဦးသန်းနိုင်ဝင်း မှကျေးဇူးတင်စကားပြောကြားပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်းလူဦးရေ (၇၀) ဦးတက်ရောက်ခဲ့၍ အခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့ပါသည်။