ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကလို့ကွင်းကျေးရွာအုပ်စု၊ ပေတာရပ်ကွက်ကျေးရွာ၏ ကျေးရွာတွင်းကွန်ကရစ်ဘီးလမ်း လူထုစစ်ဆေးပွဲပြုလုပ်ခြင်း

စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ် စက်ဝန်း)ကလို့ကွင်းကျေးရွာအုပ်စု၊ ပေတောရပ်ကွက်ကျေးရွာ၏ ကျေးရွာတွင်းလမ်းကွန်ကရစ် ဘီးလမ်းလုပ်ငန်းကို အတိုင်းအတာ ၂(၁၂၆၈' x ၂'- ၆'' x ၆'') စီမံကိန်းထောက်ပံငွေ (၈၅၇၀၀၀၀)ကျပ်၊ ကျေးရွာထည့်ဝင်ငွေ(၉၈၅၀)ကျပ်ဖြင့်(၁၂.၂.၂၀၁၉) ရက်နေ့တွင် စတင် အကောင်အထည်ဖော်၍ (၂၃.၃.၂၀၁၉) ရက်နေ့တွင် လုပ်ငန်းပြီးစီး၍ လူထုစစ်ဆေးပွဲအား (၂၃.၃.၂၀၁၉) ရက်နေ့တွင်အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။