ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်းမှ ဆောင်ရွက်လျက် ရှိသော ကွန်ကရစ် ခင်းခြင်း လုပ်ငန်း (၆၈) ရာခိုင်နှုန်း ပြီးစီး

NCDDP’s Village Concrete Street Construction in Daw Lan Village of Hlaingbwe Completed 68 Percent

ပိုင်ကျုံ ဒီဇင်ဘာ ၂၃

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် ပိုင်ကျုံမြို့၊ ဒေါ်လန်း ကျေးရွာရှိ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာလ (၆) ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် (၆၈) ရာခိုင်းနှုန်း ပြီးစီးပြီးဖြစ်ကြောင်း ဒေါ်လန်းကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး ဦးတင်ဦးထံမှ သိရသည်။

ကျေးရွာ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းသည် လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေကျပ် (၂၅၆) သိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး (အရှည် ၁၉၀၀ပေ x အကျယ် ၁၂ပေ × ၆လက်မ) ရှိပြီး လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့မှ တာ၀န်ရှိသူများ၏ စနစ်တကျ လမ်းညွှန်မှုနှင့် ဒေါ်လန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဦးနှင့် ကျေးရွာ ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

 

ပိုင်ကျုံ(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25739