ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်းအကြောင်း ကျေးရွာအဆင့် မိတ်ဆက်ပွဲကျင်းပ

NCDDP’s Village Level Socialization Meeting Organized in Kayan

Yangon, 21 December 2020, Myanmar Digital News

ရန်ကုန်၊ ၂၁ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လူထုဗဟိုပြု စီမံကိန်းအကြောင်း ကျေးရွာအဆင့် မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၂၁ နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များနှင့်အညီ အုန်းပင်ကျေးရွာ Cyclone Shelter တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးသိန်းဇော်လတ်က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းလူထုဗဟိုပြု စီမံကိန်းတာဝန်ခံ ဒေါ်ဥမ္မာခိုင်က စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ခရမ်းမြို့နယ် ဉီးစီးမှူး ဦးစတင်မျိုးလွင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

လူထုဗဟိုပြုစီမံကိန်းသည် ကျေးလက်လိုအပ်ချက်ဖြစ်သော အခြေခံအဆောက်အအုံများကို အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်ပြီး ဆင်းရဲမှုလျော့ချကာ မြို့ပြနှင့်ကျေးလက်ကွာဟမှုနှုန်း ကျဉ်မြောင်းလာမည်ဖြစ်ကြောင်း သိရသည်။ ကျေးရွာနေပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်ကို ပြည်သူများကိုယ်တိုင် ပါဝင်ဖွဲ့စည်းထားသော ကော်မတီအဖွဲ့များမှ ကိုယ်တိုင်တာဝန်ယူ အကောင်အထည် ဖော်ပေးရမည်ဖြစ်ပြီး စုပေါင်းတာဝန်ယူမှု၊ စုပေါင်းဆောင်ရွက်တတ်မှုစသော ညီညီညွတ်ညွတ် လုပ်ကိုင်သော အလေ့အကျင်ကောင်းများ ရရှိလာမည်ဖြစ်ကာ ကျားမတန်းတူ ပါဝင်ခွင့်ရကာ ကျေးရွာလူထု စွမ်းဆောင်ရည်များ မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။

လူထုဗဟိုပြု စီမံကိန်းအကြောင်း မိတ်ဆက်ပွဲသို့ ခရမ်းမြို့နယ် အုန်းပင်ကျေးရွာအုပ်စု ၁၆ စုမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။ လူထုဗဟိုပြုစီမံကိန်းများသည် ကမ္ဘာ့ဘဏ်၏ ထောက်ပံ့မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ အ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Myanmar Digital News

http://www.mdn.gov.mm/my/rnkunttiungdeskii-khrmmiunyttng-luuthubhiupu-ciimnkinakeaang-keraaachng-mittchkpaikngp