လှိုင်းဘွဲမြို့နယ်တွင် သောက်သုံးရေ အဆင်ပြေစေရန် ထီးမကျူခီးကျေးရွာ အုတ်စီရေကန်နှင့်ရေပိုက် သွယ်တန်းခြင်း စတင်ဆောင်ရွက်

NCDDP’s Water Supply System Installation kicked off in Poe Pa Lay Village Tract of Hlaingbwe

Kayin, 21 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၂၁

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် ​​ပိုးပ​လေကျေးရွာ အုပ်စု ​​ထီးမကျူခီး ကျေးရွာ အုတ်စီ​ရေကန်နှင့်​ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၁၉ရက်​နေ့ က စတင် ကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အုတ်စီ​ရေကန်နှင့် ​ရေပိုက် သွယ်တန်းခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း​ ထောက်ပံ့​ငွေ ၄၅၀,၀၀၀ကျပ်ဖြင့် ရေကန် (အလျား ၈​ပေ x အနံ ၈​ပေ x အမြင့် ၅​ပေ) နှင့် ရေပိုက်(အရှည် ၁,၀၀၀​ပေ (3/4" dia) လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက် နည်းပညာမှူး မင်းနွန်လရစ်​အောင်၊ လူထု စည်းရုံး​ရေးမှူး စောထူးမြတ်​လေးတို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ်​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန နှင့် မြို့နယ် နည်းပညာ အကြံ​ပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့၏ ပူး​ပေါင်း ပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​ပြီး လုပ်ငန်းများ ၁၀၀% ပြီးစီးပါက ​​ထီးမကျူခီး ကျေးရွာမှ အိမ်​ထောင်စု(၂၅)စု လူဦး​ရေ (၁၄၉)ဦး တို့၏ ​သောက်​ရေ/သုံး​ရေများ အဆင်​ပြေလာမည် ဖြစ်​ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25318