နေပြည်တော် ရုံးချုပ်မှ ဒုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ဓနုဖြူမြို့နယ်တွင် ကွင်းဆင်းကြည့်ရှု့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နဲ့ တာဝန်ရှိသူများဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ ဧရာဝတီတိုင်း ဒေသကြီး မအူပင် ခရိုင်၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ သပြု ကျေးရွာအုပ်စု ကဆင်းတောကျွန်း ကျေးရွာ KG စာသင်ကျောင်းဆောင်သစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နဲ့ တာဝန်ရှိသူများဟာဆိုရင် ဓနုဖြူမြို့နယ် ကဆင်းတောကျွန်း ကျေးရွာ KG စာသင်ကျောင်းဆောင်သစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ကြည့်ရှု့စစ်ဆေးရာမှာ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်က လူထုဗဟိုပြု စီမံကိန်းနဲ့ ဆောင်ရွက်ထားတဲ့ လုပ်ငန်းများနဲ့ စပ်လျဉ်း ပြီးတော့ ရှင်းလင်းတင်ပြခဲ့ကြောင်းလဲ သိရပါတယ်။

ဆက်လက်၍ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နဲ့ တာဝန်ရှိသူများဟာ ကဆင်းတောကျွန်းကျေးရွာ လူထုဗဟိုပြု စီမံကိန်း ကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားတွေနဲ့ တွေ့ဆုံကာ လူထုဗဟိုပြု စီမံကိန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်း လုပ်ငန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနဲ့ ပတ်သတ်ပြီးတော့ ကျေးရွာကော်မတီဝင်များက ရှင်းလင်းတင်ပြကြပါတယ်။

အဆိုပါ စာသင်ကျောင်းဆောင်သစ် တည်ဆောက်ခြင်း အရှည် ၄၀ ပေ၊ အကျယ် ၃၀ ပေ၊ အမြင့် ၁၂ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ် ၁၇၅ သိန်း၊ ကျေးရွာလူထု ထည့်ဝင်ငွေကတော့ ကျပ် ၁၀ သိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ နည်းပညာ ပံ့ပိုးမှုနဲ့ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ အနီးကပ် ကြီးကြပ်မှု နဲ့ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်းလဲ သိရပါတယ်။

 

သတင်း - စိုးမိုးကျော်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank