သတင်း ပြန်ကြားဆက်သွယ်ရေး ဆိုင်ရာ မှတ်တမ်း ဓါတ်ပုံပြခန်း ပြည်ကြီးတံခွန် မြို့နယ်တွင် ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ရုံးမှာ ဖေဖေါ်ဝါရီလလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ သတင်း ပြန်ကြားဆက်သွယ်ရေး ဆိုင်ရာ မှတ်တမ်း ဓါတ်ပုံပြခန်းကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီပြခန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးသန်းနှင့် တာဝန်ရှိသူတွေက လာရောက် ကြည့်ရှု့အားပေးခဲ့ပါတယ်။

ဒါအပြင် ပြခန်းကို လာရောက်ကြည့်ရှုကြတဲ့ ပြည်သူတွေထဲက စီမံကိန်းနဲ့ ပါတ်သတ်တဲ့ ပဟေဠိ မေးခွန်းတွေကို ဖြေဆိုနိုင်ကြသူတွေကို စီမံကန်း တံဆိပ်ပါ တီရှပ်၊ မိုးကာ အင်္ကျီ၊ ကျောပိုးအိတ်၊ ဦးထုပ်တွေကို အမှတ်တစ်ရ လက်ဆောင် ပေးအပ်ခဲ့ပြီး၊ စီမံကိန်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့ပါတယ်။

သတင်း- ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank