NCDDP’s Concrete Bridge and Slab Culvert Construction Kicked Off in Kawt Ka Swei of Hlaingbwe
Kayin, 21 December 2020, Ministry of Information
ပိုင်ကျုံ ဒီဇင်ဘာ ၂၁
ကရင် ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကော့ဖမွတ်ကျေးရွာ အုပ်စု၊ ကော့ကစွယ် ကျေးရွာတွင် လှိုင်းဘွဲမြို့နယ်၊ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူ အညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကွန်ကရစ် တံတားနှင့် Slab Culvert ဆောက်လုပ်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ (၁၈) ရက်နေ့ က စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ကွန်ကရစ် တံတား (အလျား ၁၀ ပေ x အနံ ၁၈ပေ x အမြင့် ၇ပေ) နှင့် Slab Culvert (၂)စင်း (အလျား ၁၈ပေ x အနံ ၅ပေ x အမြင့် ၅ပေ) ရှိသော လုပ်ငန်းများကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ (၂,၀၀၀,၀၀၀) ကျပ်ဖြင့် လုပ်ငန်းများ အကောင် ထည်ဖော် ဆောင်ရွက်လျက် ရှိပြီး လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး ခွန်နေလင်းအောင်၊ လူထုစည်းရုံးရေးမှူး စောအင်ဒရူးတို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့၏ ပူးပေါင်း ပါဝင်မှုများဖြင့် အကောင် အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ် ပြီး (၁၀၀) ရာခိုင်နှုန်း ပြီးစီးပါက ကော့ကစွယ် ကျေးရွာမှ အိမ်ထောင်စု (၁၁၃) စု လူဦးရေ (၈၀၆)ဦး တို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ အတွက် သွား/လာရေး လွယ်ကူ အဆင်ပြေလာမည် ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)
#NCDDP, #DRD, #MOALI, #WorldBank
Credit – Ministry of Information