ကျေးရွာအဆင့် ဝေဖန်အကြံပြု တိုင်ကြားချက် ဖြေရှင်းရေးဆိုင်ရာ မွမ်းမံ သင်တန်း ပို့ချ

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း

အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အထောက်အကူ ပြုစေရန် ရည်ရွယ်ပြီး၊ လူထုဗဟိုပြု စီမံကိန်း ကျေးရွာ အဆင့် ဝေဖန် အကြံပြု တိုင်ကြားချက်

ဖြေရှင်းရေး ဆိုင်ရာ မွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် ၉ နာရီ အချိန်က အညာဘန်း ကျေးရွာ အုပ်စု အညာဘန်း ကျေးရွာ

ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။

 

သင်တန်းမှာ ထီးလင်း မြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့ ဝေဖန် အကြံပြု တိုင်ကြားချက် ဖြေရှင်းရေး တာဝန်ခံ ဦးကျော်ဇေယျ က

ဝေဖန် အကြံပြု စံနစ် ထားရှိရခြင်း၏ ရည်ရွယ်ချက်မှာ အကြံပြု တိုင်ကြားနိုင်သော စံနစ်ကို စီမံကိန်း ဝန်ထမ်းများ၊ ကော်မတီဝင်များ၊ ကန်ထရိုက်တာများ၊

ကျေးရွာသူ ကျေးရွာသားများ အပါအဝင် စီမံကိန်း နဲ့ ပတ်သတ် ဆက်နွယ်သူအားလုံး သိရှိ နားလည်စေရန်၊ ဖြစ်ပေါ်လာသော ပြဿနာများကို စေ့စပ်

သေချာသော လုပ်ထုံးလုပ်နည်းများ ဖြင့် ဖြေရှင်းနိုင်စေရန်၊ စီမံကိန်းကို နှောင့်နှေး ကြန့်ကြာစေနိုင်တဲ့ ပြဿနာ အတားအဆီး၊ အနှောင့်အယှက်

မှန်သမျှကို အထောက်အထား ခိုင်လုံစွာနှင့် ဖော်ထုတ်နိုင်ရန် ရည်ရွယ်ပြီး၊ ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပါတယ်။

အဆိုပါ သင်တန်းမှာ လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ ကော်မတီဝင်များကို ဝေဖန် အကြံပြု တိုင်ကြားနိုင်တဲ့ နည်းလမ်းများ၊ ဝေဖန်အကြံပြု

တိုင်ကြားစာများ ပေးပို့တိုင်ကြားနိုင်သော နေရာများ၊ ဝေဖန်အကြံပြု တိုင်ကြားစာ လက်ခံ သိမ်းဆည်းမှုနှင့် ဖြေရှင်း ဆောင်ရွက်ရေး

နည်းလမ်းများအကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှု အကြောင်း၊ စီမံကိန်း ဝန်ထမ်းများနှင့် ကော်မတီဝင်များ လိုက်နာရမယ့် ကျင့်ဝတ်များ

အကြောင်း စတဲ့ ခေါင်းစဉ်များကို စာတွေ့ လက်တွေ့နဲ့ အုပ်စုဖွဲ့ ဆွေးနွေးခြင်း၊ သရုပ်ပြ ရှင်းလင်း တင်ပြခြင်းများနှင့် သင်ကြားပေးလျက်

ရှိကြောင်း သိရပါတယ်။

 

အဆိုပါ သင်တန်းကို ထီးလင်း မြို့နယ် အတွင်းရှိ ဆင်တိုး၊ အညာဝါပင်၊ နပ်အင်း၊ ရဲထု၊ ကျောက်ထုကျင်း၊ ပလိမ်ကိုင်၊ အထက် ကျော်၊

အောက်ကျော်၊ ပြင်ပ၊ တိ၊ ပါးမျဉ်း၊ ငါးဇင်း၊ ညောင်၊ ဗူးထောင်း၊ အကြည်ဘန်း၊ အလယ်ပန်းကျေးရွာနဲ့ အညာပန်း ကျေးရွာစတဲ့ ကျေးရွာ ၁၈ ရွာမှ

ကော်မတီဝင် စုစုပေါင်း ၄၉ ဦးတက် ရောက်ခဲ့ ပြီး၊ သင်တန်းကို တစ်ရက်ကြာ သင်ကြား ပို့ချ ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - စိုးမိုးကျော်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank