ထီးလင်း မြို့နယ် လူထု ဗဟိုပြု လုပ်ငန်းခွဲများအား ကြည့်ရှု့ စစ်ဆေး

မကွေးတိုင်းဒေသကြီး ကန့်ကောခရိုင် ထီးလင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်းက ထက်လင်းကျေးရွာ အုပ်စု ထက်လင်း ကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းများကို နယ်မြေ တာဝန်ခံ ဘဏ္ဍာရေး အရာရှိ ဒေါ်ရီရီတင်နဲ့ အဖွဲ့များက မေလ ၂၁ ရက်နေ့ မနက်ပိုင်းက သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကျေးရွာမှာ ရေတွင်း တူးဖော် ပြီးစီးမှု အခြေအနေ၊ အဆိုပါ ရေတွင်းမှ ရေကို လေးလက်မ ၂ ထပ် ပန့် ပါရှိတဲ့ ၃၅ ကောင် အင်ဂျင်စက်ဖြင့် စုပ်ယူပြီး၊ ဂါလံ တစ်သောင်းဆန့် ရေစုကန်ထဲသို့ ပေးပို့ထားမှု၊ ကွန်ကျူပိုက်များဖြင့် အိမ်တိုင်ရာရောက် ရေပေးဝေကာ တစ်အိမ်ထောင်လျှင် ရေမီတာ တစ်လုံး တပ်ဆင် အသုံးပြုထားမှုကို ကြည့်ရှု့စစ်ဆေးပြီး၊ လုပ်ငန်းသုံး ငွေစာရင်း ရေးဆွဲထားမှု၊ အသေးသုံး ငွေစာရင်း ရေးဆွဲထားမှု၊ ပစ္စည်းဘောက်ချာများနဲ့ လုပ်ငန်းသုံး ပစ္စည်း ကိုက်ညီမှု ရှိမရှိ၊ ပစ္စည်းဘောက်ချာများနဲ့ ငွေစာရင်း ရေးသွင်းထားမှု မှန်ကန်မှု ရှိမရှိများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး၊ စာရင်း ဇယား ရေးသွင်းထားမှုများနှင့် ပတ်သတ်ပြီး၊ လိုအပ်သည်များကို သင်ကြား ပို့ချခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ပံ့ပိုးငွေကျပ် ၂၄၅ သိန်း၊ ကျေးရွာ လူထုထည့်ဝင်ငွေ သိန်း ၅၀ ကျော် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ၂၉၅ သိန်း ကုန်ကျမှာ ဖြစ်ပြီး၊ လုပ်ငန်း ပြီးစီးမှု ၉၅ ရာခိုင်နှုန်း ရှိကာ အဆိုပါ လုပ်ငန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ပြီး၊ မေလအတွင်း အပြီးဆောင်ရွက်မှာ ဖြစ်ကာ အဆိုပါ လုပ်ငန်း ပြီးစီးပါက အိမ်ထောင်စု ၂၅၃ စု၊ လူဦးရေ ၁၁၄၈ ဦးအတွက် အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

ထီးလင်း မြို့နယ်မှာ ကျေးရွာ ၉၃ ရွာ မှာ လုပ်ငန်းခွဲ စုစုပေါင်း ၁၂၉ ခုရှိ ကာ ကျေးရွာ ရေရရှိရေး လုပ်ငန်းမှာ ၈ ခု ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank