ကနီမြို့နယ် မင်းမကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းဖြင့် စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်ရိုက်ခြင်းပြုလုပ်

NCDDP’s School Foundation Laying Ceremoney Held in Kani

Sagaing, 16 November 2020, Development News TV

စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့နယ် မင်းမ ကျေးရွာတွင် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်ရိုက်ခြင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည်။

ပန္နက်ရိုက်ခြင်းအား လူထု ဗဟိုပြု စီမံကိန်း မြို့နယ် အင်ဂျင်နီယာ ဦးဇင်လင်းထက်နိုင်နှင့် လက်ထောက် နည်းပညာမှူးများ တာဝန်ကျ လက်ထောက် နည်းပညာမှူးနှင့် လူထု စည်းရုံးရေးမှူးများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်း အထောက်အကူပြု ကော်မတီများ ဒေသခံ လက်သမား၊ ပန်းရန် ဆရာကြီးများ၊ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

မင်းမ ကျေးရွာတွင် စာသင်ကျောင်းဆောင်သစ်အား အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ၊ RC အမျိုးအစား ဖြစ်ပြီး၊ စီမံကိန်း ခွင့်ပြု ရန်ပုံငွေ ၅၂၈ သိန်းကျပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဟိန်းလတ်ကျော် (ကနီ)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/765377014051113