လူထုဗဟိုပြုစီမံကိန်းမှ လှိုင်းဘွဲ့မြို့နယ် ထော်ရွဲ ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခြင်းလုပ်ငန်း ပြီးစီး

NCDDP’s Village Concrete Street Construction in Htaw Ywe Village of Hlaingbwe Completed 100 Percent

Kayin, 18 December 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ အင်းနို့သိပ္ပံ ကျေးရွာ အုပ်စု၊ ထော်ရွဲ ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခြင်း လုပ်ငန်းကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂ရက်နေ့က စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက် နည်းပညာမှူး နန်းဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူး နန်းစန်းစန်းမြင့်တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွန်မှု များနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ ထော်ရွဲကျေးရွာ မှ အိမ်ထောင်စု (၃၈၆)စု၊ လူဦးရေ (၂၃၁၀)ဦး တို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများ အတွက် အဆင်ပြေ ကောင်းမွန်စွာ သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage