လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွက် ဆောမြို့နယ်တွင် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ တာဝန်ယူဆောင်ရွက်မယ့် ကုမ္ပဏီရဲ့ Project Manager ဒေါ်အေးအေးခိုင်က ၂၀၂၀ ခုနှစ် မတ်လ ၅ ရက်နေ့မှာ စီမံကိန်း ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး၊ ဆွေးနွေး ညှိနှိုင်းခြင်းတွေ ပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။

ဆွေးနွေးညှိနှိုင်းရာမှာ Project Manager က လူထုဗဟိုပြု စီမံကိန်းမှာ စတုတ္ထနှစ်ကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် စီမံကိန်းကို အခုထက် ပိုမိုထိရောက်စွာ အောင်မြင်နိုင်ဖို့ စီမံကိန်း ဝန်ထမ်းတွေအနေနဲ့ ဆောင်ရွက်သင့်တဲ့ အကြောင်းအရာတွေကို ချပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဝန်ထမ်းတွေက ကျေးရွာတွေမှာ ကြုံတွေ့နေရတဲ့ အားနည်းချက် အားသာချက်တွေနဲ့ အခက်အခဲတွေကို ပြန်လည်ဆွေးနွေးပြီး၊ အကြံဉာဏ်တွေ ရယူကာ တွေ့ဆုံဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank