ပေါက်မြို့နယ်တွင် Covid-19 ရောဂါကြောင့် အိမ်ထောင်စုများ ထိခိုက်မှု စစ်တမ်းကောက်ယူ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ အင်းတော အုပ်စု အင်းတော (တောင်စု) ကျေးရွာ ကို လူထုဗဟိုပြု စီမံကိန်းမှ နည်းပညာ အကြံပေး လူထုစည်းရုံးရေးမှူးများနှင့် အတူ Covid-19 ရောဂါကြောင့် အိမ်ထောင်စုများ ထိခိုက်မှု စစ်တမ်းကောက်ယူခြင်းကို ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက အဆိုပါ ကျေးရွာ ဘက်စုံသုံးခန်းမမှာ ကွင်းဆင်း ကောက်ယူခဲ့ပါတယ်။

တာဝန်ရှိသူများ အဖွဲ့က ကျေးရွာ တာဝန်ခံ လူထုဗဟိုပြု စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနဲ့ တွေ့ဆုံရာ လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းမှ Covid-19 ကြောင့် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေး ဥယျဉ်ခြံ ရေရရှိရေး လုပ်ငန်း။ ကုန်ထုတ်လုပ်ငန်းနဲ့ အခြားလုပ်ငန်းများမှာ ထိခိုက်တဲ့ အဓိက အကြောင်းရင်းများ ပြန်လည်ထူထောင်ရန် လိုအပ်ချက် အခြေအနေများ သိရှိနိုင်ရန်အတွက် ပေါက်မြို့နယ်မှ အင်းတော (တောင်စု) ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ကို ကောက်ယူသွားမှာ ဖြစ်တဲ့အတွက် ကျေးရွာ တာဝန်ရှိသူ များက ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြပါရန် ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် လူထု စည်းရုံးရေးမှူး ဒေါ်ကြူကြူဆွေမှ ကောက်ယူရမည့် Covid-19 စစ်တမ်းပုံစံကို ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး၊ ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး၊ လူထု ဗဟိုပြု လုပ်ငန်း ကော်မတီဝင်များနဲ့ တွေ့ဆုံကာ အချက်အလက်များကို တွေ့ဆုံမေးမြန်း ကောက်ယူခဲ့ကြောင်း သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank