ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ အုပ်စုတွင် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ

NCDDP’s Village Tract Level Socialization Meeting Organized in Hpan-an

Kayin, 17 December 2020, Development News TV

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မယ့် လူထု ဗဟိုပြု စီမံကိန်း (National Community Driven Development Project- NCDDP) ကို ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ရာ ကျေးရွာ အုပ်စု အဆင့် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆတ်ပွဲကို တော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲက ထုံးအိုင်ကျေးရွာ အထက စာသင်ကျောင်း ခန်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် ဘားအံမြို့နယ် ဦးစီးမှူး ဦးသူရလွင်မှ အဖွင့်အမှာ စကား ပြောကြားပြီးနောက် ကရင်ပြည်နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး ဦးအေးလင်းမှ စီမံကိန်း လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် စီမံကိန်းတွင် ပါဝင်သော အစိတ်အပိုင်းများကို ဗွီဒီယိုဖြင့် မိတ်ဆက်ရှင်းလင်း ခဲ့ရာ တက်ရောက်လာကြသည့် ကျေးရွာ လူထုက သိရှိလိုသည်များကို မေးမြန်း ကြရာ မြို့နယ် ဦးစီးမှူးနှင့် နည်းပညာ အကြံပေးတို့မှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။

အခမ်းအနားသို့ ကရင်ပြည်နယ် လူထု ဗဟိုပြု စီမံကိန်း ရုံးမှ ဝန်ထမ်းများ၊ ဘားအံ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ဖိတ်ကြားထားသော အုပ်စု ၄ အုပ်စုမှ ရပ်မိရပ်ဖများ တက်ရောက် ကြသည်။

လူထု ဗဟိုပြု စီမံကိန်း သတ္တမနှစ် စက်ဝန်းမှာ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၁၃ မြို့နယ် တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ ဘားအံ မြို့နယ်မှာ ထပ်မံ တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ယခုကဲ့သို့ ကျေးရွာအုပ်စုများကို မိတ်ဆက်ပေးခြင်း ဖြစ်ပါကြောင်း ဘားအံမြို့နယ် ကျေးလက်အုပ်စု ၉၀၊ ကျေးရွာပေါင်း ၄၇၄ ရွာ ရှိရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ခြင်းကို တော့ ကျေးရွာ အုပ်စု ၂၆ နေရာမှာ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး၊ ဦးသူရလွင် ထံမှ သိရပါတယ်။

 

သတင်း - ဧဧလေး

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/138563514522135