ဝယ်ယူရေးဆိုင်ရာ မွမ်းမံသင်တန်း ဆောမြို့နယ်တွင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေတိုင်း ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်

ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်း ဝယ်ယူရေး ဆိုင်ရာ မွမ်းမံ သင်တန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဆောမြို့နယ်

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးမှာ ကျင်းပခဲ့ပါတယ်။

 

သင်တန်း စတင်ချိန်မှာ ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်နီနီလွင်က အဖွင့် အမှာစကား ပြောကြားပြီး၊

ဝယ်ယူရေး ဆိုင်ရာ အကြံပေး ဒေါ်ဌေးဌေးဦးနဲ့ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြု စီမံကိန်း ဝယ်ယူရေး

တာဝန်ခံ ဦးသိန်းဖေမြင့်တို့က ဝယ်ယူရေး ဆိုင်ရာ စည်းမျဉ်း ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဝယ်ယူရေးဆိုင်ရာ ပုံစံတွေကို ရှင်းလင်းပြီးတော့

သင်တန်းကို ရှင်းလင်း ပို့ချခဲ့ပါတယ်။

 

သင်တန်းမှာ ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ လူထု စည်းရုံးရေးမှူး ၂၈ ဦးနဲ့ လက်ထောက် နည်းပညာမှူး ၁၈ ဦး စုစုပေါင်း ၄၆ ဦး

တက်ရောက်ခဲ့ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank