ကျိုက်မရော၌ လူထုဗဟိုပြု စီမံကိန်း ကျေးရွာအဆင့် စီမံကိန်းစက်ဝန်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

NCDDP’s Village Tract Level Socialization Meeting Organzied at Kyaikmaraw

Mon, 16 December 2020, Ministry of Information

ကျိုက်မ​ရော ဒီဇင်ဘာ ၁၆

 

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရော မြို့နယ်တွင် စိုက်ပျိုး​ရေး ​မွေးမြူရေးနှင့် ဆည်​​ မြောင်း ဝန်ကြီးဌာန၊ ​ကျေးလက်​ဒေသ ဖွံ့ ဖြိုးတိုးတက်​ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်း​ ကျေးရွာ အဆင့် စီမံကိန်း စက်ဝန်း မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်​နေ့ ​နေ့လယ် ၁ နာရီက ကျုံစိန်​ကျေးရွာ စာသင်​ကျောင်းနှင့် ကြခတ်ကုန်း​ကျေးရွာ ဘုန်းကြီး​ကျောင်းတို့တွင် ပြုလုပ်သည်။

အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်​ရေးအတွက် ကျန်းမာ ​ရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဦး ကိုကိုက စီမံကိန်းစက်ဝန်း မိတ်ဆက်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ​ဆွေး​နွေးခဲ့ကာ တက်​ရောက် လာသူများ၏ သိရှိလို ​​​သော​မေးခွန်းများကို စီမံကိန်းရုံးမှ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ​ဆွေး​နွေးခဲ့ကြသည်။ အခမ်းအနားသို့ မွန်ပြည်နယ် လူထုဗဟိုပြု စီမံကိန်းရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် စီမံကိန်းရုံးမှ တာဝန်ရှိ သူများနှင့်​ ကျေးရွာ (၄၁) ရွာ မှ ရွာသူ၊ ရွာသားများ တက်​ရောက်ခဲ့ကြ​ ကြောင်း မြို့နယ် ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးရုံးမှ သိရသည်။

 

ချိုချို (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/24803