လူထု ဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် ဝါးဂုတ္တောကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်း

Village Street Construction Kicked Off in War Khoke Taw Village of Hlaingbwe

Kayin, 27 November 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (တတိယ နှစ်စက်ဝန်း) မှာ အိမ်ထောင်စု (၅၄၀) စု၊ လူဦးရေ (၃၂၂၀)ဦး တို့ကို အကျိုးပြုမယ့် သာယာကုန်း ကျေးရွာအုပ်စု ဝါးဂုတ္တောကျေးရွာ ၊ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကွန်ကရစ်လမ်းက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ စီမံကိန်းမှ ထောက်ပံ့ငွေ (၂၄,၄၅၀,၀၀၀) ကျပ်နဲ့ အကောင် အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပြီး လမ်း(အရှည် ၁၂၄၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) တို့နဲ့ လှိုင်းဘွဲမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွန်မှု၊ လက်ထောက် နည်းပညာမှူး ဒေါ်ဝင်းဇာနီခိုင်၊ လူထု စည်းရုံးရေးမှူး စောသန်းကျော်လင်းတို့ရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ/ကျေးရွာသားတို့ရဲ့ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။

 

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage