ကျောက်တန်း မြို့နယ်တွင် လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်) စက်ဝန်း လုပ်ငန်းများ ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

NCDDP’s Sub-project Activities in Kyauktan Monitored by Respective Officials

Yangon, 18 December 2020, Ministry of Information

ကျောက်တန်း ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း၊ ကျောက်တန်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများ သည် ယမန်နေ့ နံနက်ပိုင်းက လူထုဗဟိုပြု စီမံကိန်း(စတုတ္ထနှစ်) စက်ဝန်း လုပ်ငန်းများ ဆောင်ရွက် နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများက လူထုဗဟိုပြု စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက် လျက် ရှိသော ပါဒကြီး ကျေးရွာအုပ်စု ဇင်ပြွန်ကုန်း ကျေးရွာ ကွန်ကရစ် တံတား တည်ဆောက်‌နေမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလ အတွင်း ပြီးစီးရေးနှင့် စံချိန်စံညွှန်း ပြည့်မီရေး တို့ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများ အဖွဲ့သည် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မြစိမ်းရောင် ကော်မတီဝင်မျာ၊ စီမံကိန်း အထောက် အကူပြု ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန် မှာကြား ခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ကျေးရွာက ကျောက်တန်းမြို့နဲ့ အလှမ်းသိပ်မဝေးသော်လည်း ချောင်းကူးတံတားက ကားတွေ ကူးလို့မရ၊ ယခင် က လူကူး သစ်သားတံတား ပဲရှိတာဆိုတော့ သွားရေးလာရေးအတွက် အခက်အခဲဖြစ်ပါတယ်၊ အခု ဒီတံတား ပြီးသွားပြီ ဆိုရင်တော့ ကျေးရွာအတွက် များစွာအကျိုးရှိသွားပါပြီ၊ ကားတွေ ကျေးရွာတွင်းအထိ ဝင်လို့ရတော့မှာဆိုတော့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် အရမ်းကို အဆင်ပြေပါတယ်၊ တာဝန်ယူ ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူများ အားလုံးကိုလည်း ကျေးရွာကိုယ်စား ကျေးဇူးအထူးတင်ပါတယ် ဟု ဇင်ပြွန်ကုန်း ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ တံတားမှာ (၇၅ x ၁၀ x ၁၄) ပေဖြစ်ပြီး စီမံကိန်း ရန်ပုံငွေနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ခြင်း ဖြစ် ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ခင်ဆွေဝင်း (ကျောက်တန်း)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25072