တောင်သာ မြို့နယ်အတွက် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲ ပြလုပ်

NCDDP’s Virtual Socialization Meeting Organized for Taungtha

Mandalay, 27 November 2020, Skynet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တောင်သာ မြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အလုပ်ရုံ ဆွေးနွေးပွဲကို ဗွီဒီယို ကွန်ဖရန့် စနစ်ဖြင့် ကျင်းပပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး တောင်သာ မြို့နယ်တို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာစိုးသန်းက အဖွင့်အမှာစကား ပြောကြားပြီး ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အမှာစကား ပြောကြားပါတယ်။

ဆက်လက်ပြီး ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် တစ်ဦးက မိတ်ဆက် စကား ပြော ကြားပြီးနောက် လူထု ဗဟိုပြု စီမံကိန်း မန်နေဂျာ ဦးလှခိုင် ညွှန်ကြားရေးမှူး က စီမံကိန်းအကြောင်း Video Presentation နှင့် တင်ပြ ဆွေးနွေးပါတယ်။ အဲဒီနောက် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးသန်းက နိဂုံးချုပ်အမှာစကား ပြောကြားပါတယ်။

အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲကို လွှတ်တော် ကိုယ်စားလှယ်တွေ တိုင်းဒေသကြီးအဆင့် ခရိုင်အဆင့် မြို့နယ် အဆင့် ဌာနဆိုင်ရာတွေ CSOs, NGOs, INGOs တွေ တက်ရောက်ခဲ့ကြပြီး၊ စီမံကိန်း အကြောင်း သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။

သတင်း - မင်းမြင့်မိုရ်

#NCDDP, #DRD, #MOALI, #WorldBank

Credit – Skynet Media Coverage