“မျိုးဆက်တိုင်းအတွက် လိုအပ်ချက်၊ အမျိုးသမီး အခွင့်အရေး သိလျှက် ဖော်ဆောင်ရွက်”

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” ကို ဂုဏ်ပြုသည့် အနေဖြင့် အထိမ်းအမှတ် အခမ်းအနားများကို လူထုဗဟိုပြု စီမံကိန်းက စီမံကိန်း မြို့နယ်အသီးသီးတွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် ပျော်ဘွယ်မြို့နယ်တို့တွင် ကျင်းပသည့် အခမ်းအနားများကို SkyNet Media က ရိုက်ကူးထုတ်လွှင့်ခဲ့သည့် ရုပ်သံမှတ်တမ်းများကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါသည်။

မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ International Women Day ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦစီးဌာန လူထု ဗဟိုပြု စီမံကိန်းက IWT Campaign ကို ကွမ်းခြံကုန်း မြို့နယ်မှာ ကျင်းပပြုလုပ်တယ်လို့ သိရပါတယ်။

IWT Campaign ကို မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ကွမ်းခြံကုန်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာ “I am Generation Equality: Realizing Women’s Rights” “မျိုးဆက်တိုင်းအတွက် လိုအပ်ချက်၊ အမျိုးသမီး အခွင့်အရေး သိလျှက် ဖော်ဆောင်ရွက်” ခေါင်းစဉ်နဲ့ ကျင်းပ ပြုလုပ်တာ ဖြစ်ပြီးတော့ မြို့နယ် အုပ်ချုပ်ရေး မှူး ဦးကျော်ကျော်ထွန်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ တာဝန်ရှိသူတွေက အမျိုးသမီးတွေ သိသင့်တဲ့ ဥပဒေတွေအကြောင်း၊ ကွမ်းခြံကုန်း မြို့နယ် လူထု ဗဟိုပြု စီမံကိန်း ၃ နှစ်တာအတွင်း အမျိုးသမီးတွေ ပူးပေါင်း ပါဝင်မှု အခြေအနေနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေများ၊ အားသာချက်နဲ့ အခက်အခဲ ကျော်လွှားရပုံတွေကို ရှင်းလင်းပြောကြားပါတယ်။

ဒီအခန်းအနားကို မြို့နယ် ဥပဒေ အရာရှိ ဦးနိုင်ကိုနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ လူထုဗဟိုပြု စီမံကိန်း Women Network မှ အမျိုးသမီးတွေ ကျေးရွာ ကော်မတီဝင်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက် ခဲ့ပါတယ်။ -သတင်း - မင်းမြင့်မိုရ်

မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အခမ်းအနားကို မတ်လ ၆ ရက်နေ့ မနက် ၉ နာရီက မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် ပျော်ဘွယ်မြို့ ခန်းမမှာ ကျင်းပပါတယ်။

ဒီအခမ်းအနားကို စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းက ဦးဆောင်ကျင်းပတာပါ။

အခမ်းအနားကို ပျော်ဘွယ်မြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အမျိုးသမီး အခန်းကဏ္ဍနဲ့ ပတ်သတ်တဲ့သူတွေ တက်ရောက်ကြပါတယ်။

အမျိုးသမီးတွေ ဦးဆောင်မှု အခန်းကဏ္ဍ မြင့်မားစေဖို့ တွန်းအားပေး လုပ်ဆောင်နိုင်စေရေး၊ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်နေတာတွေကို တစ်ခြား မိတ်ဖက် အဖွဲ့အစည်းတွေက သိရှိနားလည်ပြီး၊ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ချိတ်ဆက်လုပ်ဆောင်လာစေရေးနဲ့ ကမ္ဘာနဲ့အဝှန်း အမျိုးသမီးလှုပ်ရှားမှု တွေကို ကျေးလက်လူထုအနေနဲ့ သိရှိ နားလည်လာစေဖို့ ရည်ရွယ်ပြီး အခမ်းအနား ကျင်းပရတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit – SkyNet Media Coverage

#International Women’s Day, #NCDDP, #DRD, #MOALI, WorldBank