လူထု ဗဟိုပြု စီမံကိန်းမှ ပူတာအို မြို့နယ် ကျေးရွာ ခန်းမဆောင် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု လူထု စစ်ဆေးပွဲ ကျင်းပ

Social Audit Conducted for NCDDP’s Village Hall Construction at Mu Lar Aun Village of Putao

Kachin, 20 November 2020, SkyNet Media Coverage

 

ကချင်ပြည်နယ် ပူတာအို မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း ကျေးရွာ ခန်းမဆောင် လုပ်ငန်း ဆောင်ရွက် ပြီးစီးတဲ့ ဇီးအွန်ကျေးရွာ အုပ်စု မူလာအွန်ကျေးရွာမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က လူထု စစ်ဆေးပွဲ ကျင်းပခဲ့ပါတယ်။

လူထု စစ်ဆေးပွဲမှာ ရှေးဦးစွာ ကျေးရွာ တာဝန်ခံက အဖွင့်အမှာ စကား ပြောကြားပြီး၊ တာဝန်ကျ ဝန်ထမ်းတွေက ဆောင်ရွက် ပြီးစီးခဲ့တဲ့ လုပ်ငန်းတွေ အတွက် ကျေးရွာ လူထု တွေက ကျေနပ်မှု ရှိမရှိကို ရယူဖို့ အတွက် စာရွက် စာတမ်းတွေ လိုက်လံ ဝေငှပေးခဲ့တာ ပြန်လည် ကောက်ယူတာနဲ့ ရရှိလာတဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ် ထွက်ရှိချက် တွေကို ပွင့်လင်း မြင်သာမှု ရှိစေဖို့ အစည်းအဝေးမှာ ချပြတာ ကြော်ငြာ ဆိုင်းဘုတ်မှာ ကပ်ပေးတာနဲ့ လော်စပီကာနဲ့ ဆော်ဩ ဆောင်ရွက်ခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက်မှာ ကျေးရွာ စီ/ထောက် ကော်မတီဝင်တွေကလည်း မိမိတို့ ဆောင်ရွက်ပြီးစီးခဲ့တဲ့ လုပ်ငန်း ကဏ္ဍ အသီးသီးကို တက်ရောက်လာကြတဲ့ ကျေးရွာလူထုကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ အားသာချက် အားနည်းချက် တွေ အပေါ် အခြေခံပြီးတော့ နောက်ထပ်‌ ဆောင်ရွက်သွားမယ့် နှစ်တွေ အတွက် အကြံဉာဏ်တွေကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

တတိယနှစ် စက်ဝန်းမှာ ဇီးအွန် ကျေးရွာ အုပ်စု၊ မူလာအွန် ကျေးရွာဟာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ၁၄၅ သိန်းနဲ့ ကျေးရွာ လူထု ထည့်ဝင်ငွေ သိန်း ၃၀ တို့နဲ့ ကျေးရွာ ခန်းမဆောင် လုပ်ငန်းကို အကောင်အထည်‌ ဖော် ဆောင်ရွက် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - မိုင်းဉာဏ်လင်း

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage