နိုင်ငံတကာ စာရင်းစစ်အဖွဲ့ ပေါက်မြို့နယ်တွင် ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး ပခုက္ကူ ခရိုင် ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဟာ ကမ္ဘာ့ဘဏ် ချေးငွေနဲ့ အီတလီ DfD (Debt for Development) Swap and Italy Soft Loan တို့နဲ့ လူထုဗဟိုပြု စီမံကိန်းကို မြို့နယ် ၄၇ မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ စီမံကိန်း ပထမနှစ် အဖြစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကနေစပြီး၊ ပေါက်မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ပေါက် မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာအုပ်စု ၇၁ အုပ်စုအတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၃၁၀၉ သန်း တိတိကို ပေါက်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်မှာ ဖွင့်လှစ် ထားတဲ့ သက်ဆိုင်ရာ ကျေးရွာ ဘဏ်စာရင်းတွေကို လွဲပြောင်းပေးခဲ့ပြီး၊ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလုပ်ငန်း ဆောင်ရွက်ထားရှိမှုတွေကို နိုင်ငံတကာ စာရင်းစစ်အဖွဲ့ BDO အဖွဲ့ဟာ မတ်လ ၁၂ ရက်နေ့ နေ့လည် ၂ နာရီက ချောင်းကူးကျေးရွာ ကျေးရွာ ဘက်စုံသုံး ခန်းမမှာ ကျေးရွာ ကော်မတီတွေ၊ စီမံကိန်း ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းစဉ်တွေ မှတ်တမ်းတွေ စာရင်းဇယားတွေ စီမံကိန်း လက်စွဲ နဲ့ အညီ ဆောင်ရွက်ထားရှိမှု ရှိမရှိ တွေ့ဆုံ မေးမြန်းပါတယ်။

ဆက်လက်ပြီးတော့ သံပုရာအိုက် ကျေးရွာအုပ်စု သံပုရာအိုက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှာ နေ့လည် ၃ နာရီ မိနစ် ၃၀ အချိန်က ကျေးရွာ ကော်မတီတွေ စီမံကိန်း ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး၊ စီမံကိန်းလုပ်ငန်းစဉ်တွေ မှတ်တမ်းတွေ စာရင်းဇယားတွေ စီမံကိန်း လက်စွဲနဲ့ ဆောင်ရွက်ထားရှိမှု ရှိမရှိ တွေ့ဆုံမေးမြန်းခဲ့ပြီးတော့ အုပ်စု တွင်းမှာ ရှိတဲ့ ကျေးရွာလေးရွာရဲ့ ကော်မတီဝင် ၄၈ ဦးခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank