![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/capture8461.png?itok=T-GsjF-X)
Virtual Coordination Meeting on Rural Development Jointly Organized by Department of Rural Development and Other Development Partners
Naypyitaw, 17 November 2020, SkyNet Media Coverage
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းတို့ ပူးပေါင်း ကျင်းပတဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီ အချိန်က ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးခန့်ဇော်က ပထမ ဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနဲ့
COVID-19 တုန့်ပြန်မှုများမှာ အားလုံး ပူးပေါင်း ဆောင်ရွက်ပေးတဲ့အတွက် အလွန် ကျေးဇူး တင်ရှိပါကြောင်း လက်ရှိ အခြေအနေ အရ မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများကို လျော့ပါးစေရန် စီးပွားရေး ကုစားမှု အစီအစဉ် COVID-19 (CERP) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း အဆိုပါ အစီအစဉ်သည် ဆင်းရဲ နွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ ချက်ချင်း ရရှိစေရန် Micro စီးပွားရေး တည်ငြိမ်မှု မှုဝါဒများ ပါဝင်ပါကြောင်း၊ အဆိုပါ အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန သည် COVID-19 ကြောင့် ထိခိုက်နစ်နာ ခဲ့ရသည့် တောင်သူလယ်သမားများနှင့် စီးပွားရေး လုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်း ဈေးကွက် ဆက်သွယ်မှုနှင့် ဝင်ငွေ ထိန်းသိမ်းခြင်း စတဲ့ လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြောကြားပါတယ်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန သည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနဲ့ အစီအစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ နှစ်စဉ် ပျှမ်းမျှ ဆောင်ရွက်ပေးလျက် ရှိသည့် ကျေးလက် ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများအား လည်းကောင်း၊ ယနေ့ ကျင်းပ ပြုလုပ်တဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးများက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကာလအတွင်း စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အရေးပေါ် အခြေအနေများနှင့် COVID-19 တုန့်ပြန်နိုင်မှုနဲ့ စပ်လျဉ်းပြီး၊ အကျိုးရှိရှိ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပါကြောင်း၊ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ သာမက ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါ ကာလ အတွင်း စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ ကို မျှဝေ ပေးစေလိုပါကြောင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ လိုက်နာ ကျင့်သုံးဖို့လည်း တိုက်တွန်း အပ်ပါကြောင်း၊ ယင်းကဲ့သို့ မြေပြင်မှာ လက်တွေ့ လိုက်နာ ကျင့်သုံးနိုင်ရေးကို မိမိတို့ ဦးစီးဌာနမှလည်း ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဒါအပြင် COVID-19 တုန့်ပြန်နိုင်ရေး လုပ်ငန်းစဉ်များနဲ့ စိန်ခေါ်မှု ကာလ ကျော်လွှားနိုင်ရန်အတွက် အကူ အညီ အထောက်အပံ့များ ရရှိဖို့ တောင်းဆို ချင်ပါကြောင်း၊ ယခု အစီးအဝေးသို့ တက်ရောက်သော အစည်းအဝေးများမှ COVID-19 တုန့်ပြန်နိုင်ရေး လုပ်ငန်းစဉ်များနဲ့ စပ်လျဉ်းပြီး အစီအစဉ်များ ရှိပါက ယခု အစည်းအဝေးမှာ မျှဝေ ပေးစေလိုပါကြောင်း ပြောကြားပါတယ်။
ဆက်လက်ပြီး ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့စည်းများမှ တာဝန်ရှိသူများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြပါတယ်။
အဆိုပါ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနနဲ့ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းတို့ ကျင်းပ ပြုလုပ်တဲ့ လုပ်ငန်း အစည်းအဝေးကို ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့စည်း ၂၉ ခု မှ တာဝန် ရှိသူများ စုစုပေါင်း ၆၄ ဦး တက်ရောက် ဆွေးနွေး ခဲ့ကြကြောင်း သိရပါတယ်။
သတင်း - သန်းလွင် (မကွေး)
#CFW, #NCDDP, #DRD, #MOALI, #WorldBank
Credit – SkyNet Media Coverage