ပူတာအိုမြို့နယ် လူထု ဗဟိုပြု စီမံကိန်း ပင်စင် ကျေးရွာ ခန်းမဆောင် ဆောင်ရွက်နေမှု ပြည်နယ်တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

NCDDP’s Village Hall Construction in Pin Sin Village of Putao Monitored by State Minister

1 November 2020, SkyNet Media Coverage

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက် နေတဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) ဆွာရ်ခမ်ဒမ်း အုပ်စု ပင်စင် ကျေးရွာမှာ ကျေးရွာ ခန်းမဆောင် ဆောင်ရွက်နေမှုကို ကချင်ပြည်နယ် အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကျော်ကျော်ဝင်းနဲ့ ပြည်နယ် ကျေးလက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်တို့က အောက်တို ဘာလ ၂၆ ရက်နေ့မှာ ကွင်းဆင်း စစ်ဆေး ခဲ့ပါတယ်။

အဲလို စစ်ဆေးရာမှာ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် ၆,၇၃၀,၀၀၀ နဲ့ ကျေးရွာလူထု လုပ်အားနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ကျေးရွာခန်းမဆောင် လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု့ စစ်ဆေးပြီး၊ ကျေးရွာလူထုနဲ့ ကော်မတီဝင်တွေ တွေ့ကြုံရတဲ့ အခက်အခဲတွေကို မေးမြန်း ဆွေးနွေးခဲ့ပြီးတော့ မြို့နယ် မှူး ဦးဌေးမြင့်က တင်ပြတဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် ဒေသ ဖွံ့ဖြိုးရေး လိုအပ်ချက်လုပ်ငန်းတွေကို ဆွေးနွေးညှိနှိုင်း လမ်းညွှန် မှာကြားခဲ့ပါတယ်။

သတင်း - ဉာဏ်လင်း

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage