NCDDP’s 552 Sub-project Activities Accomplished in its Four Years Project Cycles in Kyaukkyi
Bago, 17 November 2020, SkyNet Media Coverage
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်းကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီး မြို့နယ်မှာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလက စတင်ပြီး၊ ကျေးရွာ အုပ်စု ၃၄ အုပ်စု အတွင်းမှာရှိတဲ့ ကျေးရွာ ၁၃၇ ရွာမှာ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာမှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ အကုန်မှာ စီမံကိန်း ၄ နှစ်တာ ကာလကို စီမံကိန်း လုပ်ထုံးလုပ်နည်းတွေ အတိုင်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီး ခဲ့ပြီဖြစ်လို့ စီမံကိန်းပိတ်သိမ်းမှာ ဖြစ်ပါတယ်။
ကျောက်ကြီးမြို့နယ်မှာ စီမံကိန်းစက်ဝန်း ၄ နှစ်တာ ကာလအတွင်း စီမံကိန်း ထောက်ပံ့ငွေ ၅,၀၉၆ သန်းနဲ့ စီမံကိန်း ဝန်ထမ်းတွေရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာလူထု ကိုယ်တိုင် ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ခြင်း ကြောင့် ကျေးရွာ အခြေခံ အဆောက်အဦးနဲ့ သက်ဆိုင်တဲ့ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၅၅၂ ခုတို့ကို ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်တဲ့ အတွက်ကြောင့် ဒေသ အ တွင်းမှာ ရှိတဲ့ လူငယ်တွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာတာ၊ ကျေးရွာမှာ လိုအပ်နေတဲ့ အခြေခံ အဆောက် အဦးတွေ ဖွံ့ဖြိုး တိုးတက်လာတာ၊ သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်စေတဲ့ အလေ့အကျင့် ကောင်းတွေ ရရှိစေခဲ့တယ်လို့ သိရှိရပါတယ်။
သတင်း - ဝင်းညီညီလတ် (CSAG)
#NCDDP, #DRD, #MOALI, #WorldBank
Credit – SkyNet Media Coverage