ရေကောင်းရေသန့် ရရှိရေး စီမံကိန်း လုပ်ငန်းဖွင့်ပွဲ ရွှေကူမြို့နယ်တွင် ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် မိုးဇစ်ကျေးရွာမှာ ကျေးလက်နေ ပြည်သူတွေ ရေကောင်းရေသန့် ရရှိစေဖို့ အတွက် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ပံ့ပိုးငွေနဲ့ ဆောင်ရွက်ပြီးစီးခဲ့တဲ့ ရေစင်၊ စက်ရေတွင်း၊ ရေသန့်စက်နဲ့ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီက အဲဒီ ကျေးရွာမှာ ကျင်းပပါတယ်။

အခန်းအနားမှာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ် စီမံကိန်း တာဝန်ခံ ဦးကျော်လင်းအောင်၊ ခရိုင် ဦးစီးမှူး ဦးသောင်းညွှန့်နဲ့ တာဝန်ရှိသူတွေက အဲဒီလုပ်ငန်းကိုလည်း ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီးတော့ ရှင်းလင်း ပြောကြားပါတယ်။

အဲဒီလုပ်ငန်းဖွင့်ပွဲကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ် ဌာနဆိုင်ရာ အဖွဲ့တွေ ဒေသခံ မိဘပြည်သူတွေ တက်ရောက်ကြောင်း သိရပါတယ်။

သတင်း- မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank