ကလိန်အောင်မြို့၌ Cash for Work စီမံကိန်းလုပ်ငန်းဖြင့် ကျေးရွာ ဘက်စုံသုံးခန်းမ ရာနှုန်းပြည့် တည်ဆောက် ပြီးစီးမှုအား ကြည့်ရှု စစ်ဆေး

Completion of Village Hall Construction under Cash for Work Project in Kaleinaung Monitored by Respective Officials

Tanintharyi, 25 September 2020, Ministry of Information

ကလိန်အောင် စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာ၌ Cash for Work စီမံကိန်း လုပ်ငန်းဖြင့်ကျေးရွာ လူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသောကျေးရွာဘက်စုံသုံး ခန်းမ ရာနှုန်းပြည့် တည်ဆောက် ပြီးစီးမှုနှင့် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းပြီးစီးမှု အား ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အား ကွင်းဆင်း စစ်ဆေးရာတွင် ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးလင်းနှင့် အဖွဲ့တို့သည် နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေး နိုင်ရန်အတွက် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ပြည်သူလူထု ကိုယ်တိုင် ဆောင်ရွက်သော ကျောက်ရှပ်ကျေးရွာရှိ ကျေးရွာဘက်စုံ သုံးခန်းမ တည်ဆောက်ပြီးစီးမှုနှင့် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား စစ်ဆေးကာ လိုအပ်သည်များကို မှာကြား ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/12819