လူထု ဗဟိုပြု စီမံကိန်းကို ခန္တီးမြို့နယ်တွင် တိုးချဲ့ အကောင်အထည်ဖော်ရန် စီမံကိန်း မိတ်ဆက်ပွဲ ကျင်းပ

NCDDP’s Virtual Socialization Meeting Organized for Project Implementation in Hkamti

Sagaing, 24 November 2020, SkyNet Media Coverage

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ လူထု ဗဟိုပြု စီမံကိန်း တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်မယ့်

စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့နယ် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၉ နာရီခွဲက Virtual Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရှေးဦးစွာ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ စည်ပင် သာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း နှင့် ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်တို့က အမှာစကား ပြောကြား ကြပါတယ်။

ဆက်လက်ပြီး ကျေးလက် ‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးလှခိုင်က လူထု စီမံကိန်း အကြောင်း မိတ်ဆက် ရှင်းလင်း ပြောကြားပါတယ်။

အဲဒီနောက် အခမ်းအနား တက်ရောက်လာ သူများက စီမံကိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းကြရာမှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ ပြီးတော့ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။

 

သတင်း - သန်းလွင် (မကွေး)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage