![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/capture_268.png?itok=O-ARrnK4)
NCDDP’s Village Tract Level Meeting Organized at Nam Lawt of Mawkmai
Shan, 17 October 2020, Development News TV
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက်နေ့က လူထု ဗဟိုပြု စီမံကိန်း ကျေးရွာအုပ်စု အဆင့် ရံပုံငွေ ခွဲဝေခြင်း အစည်းအဝေးကို ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ မောက်မယ် မြို့နယ် နမ့်လွတ်ကျေးရွာ အုပ်စု နမ့်လွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရှေးဉီးစွာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဉီးစိုင်းပာန်ဖမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ လူထုဗဟိုပြု စီမံကိန်းရုံးမှ နည်းပညာ အကြံပေး ဉီးမိုင်းဉာဏ်လင်းမှ အစည်းအဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းခဲ့ပြီး ထောက်ပံ့ရံပုံငွေ ခွဲဝေရာတွင် ကျေးရွာ အလိုက် လူဉီးရေအား အခြေခံပြီး ခွဲဝေခြင်း မပြုရန်နှင့် ကျေးရွာများ၏ အမှန်တကယ် လိုအပ်သော လုပ်ငန်းခွဲများအား စိစစ် ရွေးချယ်သွားရန်၊ တန်းတူ ညီမျှမှုဖြင့် မစဉ်းစားပဲ သာတူ ညီမျှမှုဖြင့် ခွဲဝေသွားရန် အကြံပြု ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စည်းရုံးရေးမှူးများနှင့် လက်ထောက် နည်းပညာမှူးများက ကျေးရွာအလိုက် တင်ပြလာသော လုပ်ငန်းခွဲ များနှင့် ခန့်မှန်း ကုန်ကျငွေများကို ရှင်းလင်း ပြောကြားခြင်း၊ တက်ရောက်လာသော အုပ်စုကော်မတီဝင်များမှ ထောက်ပံ့ရံပုံငွေ ခွဲဝေခြင်း၊ အုပ်စုကော်မတီဝင်များ၊ ဘဏ္ဍာရေး ဆပ်ကော်မတီများ နှင့် အုပ်စုဝေဖန်အကြံပြု တိုင်ကြားရေး ကော်မတီများအား ပြန်လည် အတည်ပြု ရွေးချယ် ခြင်းတို့အား ဆောင်ရွက်ခဲ့ပါတယ်။
နမ့်လွတ် ကျေးရွာအုပ်စု အတွင်း ကျေးရွာပေါင်း (၁၀) ရွာရှိပြီး လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ် စက်ဝန်း ထောက်ပံ့ရံပုံငွေ သန်း(၄၀) ဖြင့် ကျေးရွာခန်းမ ဆောင် လုပ်ငန်း(၂)ခု၊ ရွာတွင်း ကွန်ကရစ်လမ်း (၂)ခု၊ ရွာတွင်း ကျောက်ကြမ်းလမ်း(၁)ခု နှင့် ရွာတွင်း ကျောက်ချောလမ်း(၁)ခု စုစုပေါင်း လုပ်ငန်းခွဲပေါင်း (၆)ခု ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး လူဉီးရေး (၂)ထောင် ခန့်အား အကျိုးပြု သွားမည်ဖြစ် ကြောင်းသိရပါတယ်။
သတင်း - မိုင်းဉာဏ်လင်း
#NCDDP, #DRD, #MOALI, #WorldBank
Credit – Development News TV
https://web.facebook.com/108312817273501/videos/989721488106133