ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ လူထုဗဟိုပြု စီမံကိန်း တတိယနှစ်စက်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အုပ်စု အစည်းအဝေးကျင်းပ

Village Tract Meeting Organized for NCDDP’s Third Year Project Cycle in Tha Hpan Cho of Thegon

Bago, 31 October 2020, Development News TV

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း သဖန်းချို ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာ ၈ ရွာ၌ စီမံကိန်း လုပ်ငန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အတွက် ရန်ပုံငွေ ခွဲဝေခြင်း အုပ်စု အစည်းအဝေး အခမ်းအနားကို ကိုဗစ်ကာလ လမ်းညွှန်ချက်များနှင့် အညီ အောက်တို ဘာလ ၂၈ ရက်နေ့ နေ့လည် ၁ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသော ကျေးရွာ ၈ ရွာမှ ကော်မတီဝင်များမှ တစ်ဦးချင်း မိတ်ဆက်ပြီး၊ မြို့နယ် စီမံကိန်း တာဝန်ခံ ဒေါ်စုနှင်းဝေမှ အဖွင့်အမှာ စကား ပြောကြားပြီးနောက် ကျေးရွာ တာဝန်ခံ CF, TF များမှ ရန်ပုံငွေ ခွဲဝေရာတွင် ထည့်သွင်း စဉ်းစားဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် အမှန်တစ်ကယ် လိုအပ်နေသည့် ကျေးရွာများအား ဦးစားပေး စဉ်းစားဆောင်ရွက် သွားသင့်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တတိယနှစ် စက်ဝန်း အုပ်စု ရန်ပုံငွေ ၃၉,၁၅၉,၉၁၈ အား ကျေးရွာ ၈ ရွာအတွက် စီမံကိန်း လုပ်ငန်းခွဲအလိုက် ရန်ပုံငွေများ ခွဲဝေ ပေးခဲ့ရာ ဦးစားပေး ဆောင်ရွက် သင့်သော အောင်နှံကုန်း ကျေးရွာ အုတ်ရေမြောင်း ၇ လက်မထု၊ ကျေးရွာချင်းဆက်လမ်း ၅၀၀ ပေ x ၁၂ ပေ x ၂ ပေ စီမံကိန်း လုပ်ငန်းအတွက် ရန်ပုံငွေ ကျပ် သိန်း ၁၅၀၊ ကတောက်ကျေးရွာ အင်ဂျင်မီးလင်းရေး ၂၅၀၀ ပေ စီမံကိန်း လုပ်ငန်းခွဲအတွက် သိန်း ၁၅၀ ၊ ကြို့ပင်သာလေး ကျေးရွာ အုတ်ရေမြောင်း ၉ လက်မထု၊ မြေနီလမ်း ၅၀၀ ပေ x ၁၀ ပေ x ၈ လက်မ နဲ့ ၁၅၀၀ ပေ x ၁ ပေ x ၁ ပေ စီမံကိန်း လုပ်ငန်းခွဲအတွက် ၉,၁၅၉,၉၁၈ တို့အား တတိယနှစ် စက်ဝန်းတွင် ဆောင်ရွက်ရန် ဦးစားပေး ခွဲဝေပြီး ကျန်ရှိနေသော ကျေးရွာ ၅ ရွာအား စတုတ္ထနှစ် စက်ဝန်းတွင် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။

သတင်း - လင်းလင်းထက်

#NCDDP, #DRD, #MOALI, #WorldBank

Credit- Development News TV

https://web.facebook.com/108312817273501/videos/352896479299306