မောက်မယ် မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ် မြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လုပ်ငန်းခွဲတွေကို ရှမ်းပြည်နယ် ကျေးလက် ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ရုံးခွဲက စီမံကိန်း တာဝန်ခံ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းနဲ့ အဖွဲ့က စီမံကိန်း နယ်မြေကို မေလ ၁၈ ရက်နေ့က ကွင်းဆင်း စစ်ဆေး ကြည့်ရှု့တယ်လို့ သိရပါတယ်။

 

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးမှာ လူထု စည်းရုံးရေးမှူးတွေနဲ့ လက်ထောက် နည်းပညာမှူးတွေကို လွှဲပြောင်း စာချုပ် ချုပ်တာကို ကြီးကြပ် စစ်ဆေး လမ်းညွှန်ပေးခဲ့ပါတယ်။

 

အဲနောက်မှာတော့ ဟိုလွိုင်အုပ်စု၊ နားလော်ကျေးရွာနဲ့ နောင်ပီကျေးရွာ ကွန်ကရစ်လမ်း ခင်းတဲ့ လုပ်ငန်း၊ ဟိုနန့်အုပ်စု အောင်သုခ ကျေးရွာ ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းနဲ့ ပန်းဒန်အုပ်စု ဟာဆန်းကျေးရွာ မြစိမ်းရောင် လုပ်ငန်းတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ ကော်မတီဝင်တွေနဲ့ တွေ့ဆုံကာ လိုအပ်တာတွေကို အကြံပြု ဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီ ခရီးစဉ်မှာ ပြည်နယ် ကျေးလက် ဦးစီးဌာန ဝန်ထမ်းတွေနဲ့ မြို့နယ် ကျေးလက်ရုံးက တာဝန်ရှိသူတွေ လိုက်ပါ ကွင်းဆင်း ဆောင်ရွက်ကြတယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank