ကျောက်တံခါးမြို့နယ် Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည် ရန်ပုံငွေ လုပ်ငန်းတွေကို ကွင်းဆင်း စစ်ဆေး

Cash for Work and Village Revolving Fund Project Outputs in Kyauktaga Monitored by Respective Officials

Bago, 27 October 2020, SkyNet Media Coverage

ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ် ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နဲ့ ဝန်ထမ်းတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ကျေးရွာ မတည် ရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ကွင်းဆင်း စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

ကိုဗစ် ကာလမှာ ကျေးလက်နေ ပြည်သူတွေ လူမှု စီးပွား ထိခိုက်မှုတွေ အပေါ် ကုစားဖို့ အတွက် လုပ်ကွက်ငယ် တောင်သူတွေ၊ ထုတ်လုပ် ရောင်းချနေသူတွေ၊ အသေးစား စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူတွေကို စီးပွားရေး လုပ်ငန်းတွေ ပြန်လည် ထူထောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေး အရင်းအနှီး ရရှိစေဖို့အတွက် ရည်ရွယ်ပြီး၊ ကျေးရွာ မတည် ရန်ပုံငွေ ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။

မကျဉ်းပင် ကျေးရွာ အုပ်စု ခင်သာကျေးရွာနဲ့ သံပုရာကုန်း ကျေးရွာအုပ်စု ခင်ကန့်လန့် ကျေးရွာတွေမှာ ထုတ်ချေးငွေ ရန်ပုံငွေကျပ် သိန်း ၃၀၀ နဲ့ ဆောင်ရွက်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းတွေရဲ့ စာရင်း ဇယားတွေ ဖြည့်သွင်းထားရှိမှုတို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ အညီ ကွင်းဆင်း စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲလိုပဲ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ပဲခူးခရိုင် ဦးစီးမှူး ဦးသန်းဦးနဲ့ အဖွဲ့ဟာ ကျောက်တံခါး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် CERP plan အရ Cash for Work (CfW) စီမံကိန်း ကျေးရွာ ၁၁ ရွာက ဆောင်ရွက်ခဲ့တဲ့ အင်းပတ်လည် ကျေးရွာ အုပ်စု ကြို့ကုန်းကျေးရွာ

စာသင်ကျောင်းအတွက် မြေသားလမ်း ဆောင်ရွက်တာ၊ ကျေးရွာတွင်း အမှတ် ၇ လမ်း ဂဝံ ခင်းတာ၊ မြို့‌ချောင်း ကျေးရွာအုပ်စု၊ မြို့ချောင်း ရွာမ ကျေးရွာ အမှတ် ၁ လမ်း ဂဝံ ခင်းတာနဲ့ ရေမြောင်း တူးဖော်တဲ့ လုပ်ငန်းတွေကို ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ခင်ကို (ကျောက်တံခါး)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage