ကွန်ဟိန်းမြို့၌ Cash for Work စီမံကိန်း၊ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကွန်ဟိန်း ဇူလိုင် ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၁၉-၂၀၂၀ခု၊ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်း၊ စီမံကိန်း တာဝန် ပေးအပ်ပွဲအခမ်းအနားအား ယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စောက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံထွန်းနှင့် ဦးစိုင်းအောင်ကျော်ဦးတို့က အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ဆူး က စီမံကိန်းတာဝန်လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စောမှ Cash For Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် နောင်မွန်းကျေးရွာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံထွန်း မှ ဝမ်ခင်းကျေးရွာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦး မှ လုပ်ခိုက်‌ကျေးရွာများအတွက် တစ်ရွာလျှင်စီမံကိန်းရန်ပုံငွေကျပ် သိန်း၁၀၀ ကို အသီးသီးပေးအပ်ခဲ့ကြသည်။ဆက်လက်၍ မြို့နယ် ကျေးလက်ဦးစီးမှူးနှင့် Cash For Work စီမံကိန်းကျေးရွာ ကော်မတီဉက္ကဋ္ဌ တို့အကြား စီမံကိန်းတာဝန်လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြသည်။အဆိုပါအခမ်းအနားသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/28/07/2020/id-25382