ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း မြို့နယ် ၆ မြို့နယ်မှာ ရှိတဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်

Documents Honoring the DRD Staff Members Handed Over to Respective Officials for Implementing Cash for Work and Village Revolving Fund Project Activities Efficiently

Bago, 14 October 2020, SkyNet Media Coverage

Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ VRFP စီမံကိန်း စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ကျရာ အခန်းကဏ္ဍကနေ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း မြို့နယ် ၆ မြို့နယ်မှာ ရှိတဲ့ ဝန်ထမ်းတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရဲ့ အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၀ နာရီ အချိန်က စတင်ပြီး၊ ကျင်းပခဲ့ရာ ခရိုင်နှင့် မြို့နယ်တွေက ဝန်ထမ်း ၂၀ ဦး တက်ရောက်ခဲ့ကြပါတယ်။

အဲဒီ အခန်းအနားမှာ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ရှိတဲ့ ဝန်ထမ်းတွေကို အသိအမှတ်ပြု ဂုဏ်ပြု မှတ်တမ်းလွှာတွေကို ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးက မြို့နယ် ဦးစီးမှူး ထံတွေကို ပေးအပ်ခဲ့ကြောင်း၊ ပြည်ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးသိန်းထိုက်ဦး ထံကနေ သိရှိရပါတယ်။

သတင်း - ရည်ရည်မြ (ကျေးလက်)

#CERP, #DRD, #MOALI

Credit – SkyNet Media Coverage